22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

လာဗက်ဇီ အတွက် အပြိုင် ကြိုးစားမည့် မန်စီးတီးနှင့် ချယ်လ်ဆီး

 
ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများသည် နာပိုလီ တိုက်စစ်မှူး အက်ဇ်ကွီရယ်လ် လာဗက်ဇီအား ခေါ်ယူရန် အပြိုင် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ထို့ကြောင့် အဆိုပါ နှစ်သင်းလုံးသည် အီတလီထိပ်သီး အင်တာမီလန်၊ ပြင်သစ်မှ ချမ်းသာ ကြွယ်ဝသည့် ပဲရစ်စိန့်ဂျာမိန်း တို့နှင့် အားပြိုင်ရမည် ဖြစ်သည်။ နောက်ချန် တိုက်စစ်မှူး နေရာတွင် အကောင်းဆုံး ခြေစွမ်းပြနေသည့် အာဂျင်တီးနားသား လာဗက်ဇီသည် နွေရာသီတွင် နာပိုလီကို စွန့်ခွာဖွယ် ရှိနေသည်။ နေပယ်လ်မြို့ခံ ကလပ်အသင်းသည် လာဗက်ဇီ အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၂၀)မျှထိ မျှော်လင့် အလို ရှိနေကြောင်းလည်း သတင်းများက ဖော်ပြလျှက် ရှိသည်။ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ နှစ်သင်းလုံးသည် ဈေးကွက်ထဲတွင် တိုက်စစ်မှူးသစ်များကို ရှာဖွေလျှက် ရှိကြသည်။

နေပယ်လ်မြို့ခံ ကလပ်အသင်းသည် လာဗက်ဇီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၂၀)မျှထိ မျှော်လင့် အလိုရှိနေကြောင်းလည်း သတင်းများက ဖော်ပြ...

ချယ်လ်ဆီးသည် ဒီဒီရာ ဒရော့ဂ်ဘာ နေရာတွင် တိုက်စစ်မှူးသစ် တစ်ဦးကို အစားထိုးမည်ဖြစ်ပြီး မန်စီးတီးကလည်း အသင်းမှ ထွက်ခွာမည့် ဒီဒင်ဂျက်ကို နေရာအတွက် လူသစ် ရှာနေသည်။ လာဗက်ဇီသည် ချန်ပီယံ လိဂ်တွင် အိမ်ကွင်း၌ ချယ်လ်ဆီးကို (၃-၁)ဖြင့် နာပိုလီက အနိုင်ရခဲ့စဉ်က (၂)ဂိုး သွင်းယူခဲ့သည်။ အင်တာ အသင်းသည် လာဗက်ဇီကို ဆက်သွယ်နေသော်လည်း ကစားသမား၏ အေးဂျင့်က ပရီးမီးယားလိဂ်မှ သူကြွယ် ကလပ်များ၏ အဆိုပြုချက်ကို စောင့်မျှော်နေဆဲဖြစ်သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )