22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

ဂွာဒီယိုလာ အပါအ၀င် နည်းပြ အမြောက်အမြားကို မန်နေဂျာ ရာထူးအတွက် လီဗာပူးလ် ချိတ်ဆက်နေ

လီဗာပူးလ် အသင်းသည် မန်နေဂျာသစ် နေရာအတွက် ဂျိုးဆက် ဂွာဒီယိုလာ၊ ရောဘတ်တို မာတီနက်ဇ်နှင့် ဘရန်ဒန် ရော့ဂျာတို့ကို ဆွေးနွေးမှု ပြုလုပ်ထားကြောင်း သိရှိရသည်။

ကင်နီဒဲလ်ဂလစ်ရှ် ခေတ်လွန် အန်းဖီးလ်ကို ဦးဆောင် မည့်သူအတွက် လီဗာပူးလ်သည် နာမည်ကျော် အချို့ကို ချိတ်ဆက်ထားရာ ဘာစီလိုနာမှ ထွက်ခွာမည့် ဂွာဒီယိုလာပါ ပါဝင် နေခဲ့သည်။ ၀ီဂန် အသင်းကို အကောင်းဆုံး ခြေစွမ်းမျိုး ရရှိအောင် တည်ဆောက် ပြခဲ့သည့် စပိန်သား မာတီနက်ဇ်သည်လည်း လီဗာပူးလ်နှင့် စကား ပြောဆိုထားပြီး ဖြစ်သည်။ ထို့အပြင် တန်းတက်အသင်း ဆွမ်ဆီး၏ အံ့မခန်း ပရီးမီးယားလိဂ် ရပ်တည်မှုကို ဖော်ဆောင် ပေးခဲ့သူ ရော့ဂျာသည်လည်း လီဗာပူးလ်၏ ပစ်မှတ် စာရင်းတွင် ပါဝင်နေသည်။


လီဗာပူးလ်သည် မန်နေဂျာသစ် ခန့်အပ်ရေးကို အလျင်အမြန် လုပ်ဆောင်နေပြီး ချယ်လ်ဆီး မန်နေဂျာဟောင်း အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်ကိုလည်း ခေါ်ယူဖွယ် ရှိနေသည်။ လတ်တလော အချိန်ထိ အန်းဖီးလ် အခြေစိုက် အသင်း၏ မန်နေဂျာသစ် ရာထူး နေရာအတွက် ရေပန်းစားမှုသည် တည်တည်ငြိမ်ငြိမ် မရှိသေးသလို အသင်း တာဝန်ရှိသူများသည် အခြေအနေ အားလုံးကို အဘက်ဘက်မှ သုံးသပ် ဆင်ခြင် လာနိုင်သည်။ ရော့ဂျာ ကိုင်တွယ်သော ဆွမ်ဆီးသည် ဒဲလ်ဂလစ်ရှ် အတွက် နောက်ဆုံး ပွဲစဉ်တွင် (၁-၀)ဖြင့် အနိုင် ယူခဲ့သလို ၀ီဂန်ကလည်း လီဗာပူးလ်ကို ရာသီသိမ်း ကာလများတွင် အနိုင် ကစားခဲ့သည်။

လတ်တလော အချိန်ထိ အန်းဖီးလ် အခြေစိုက် အသင်း၏ မန်နေဂျာသစ် ရာထူး နေရာအတွက် ရေပန်းစားမှုသည် တည်တည်ငြိမ်ငြိမ် မရှိသေးသလို အသင်း တာဝန်ရှိသူများသည် အခြေအနေ အားလုံးကို အဘက်ဘက်မှ သုံးသပ် ဆင်ခြင် လာနိုင်...
လီဗာပူးလ်သည် အင်္ဂလန် မန်နေဂျာဟောင်း ဖေဘီယို ကာပယ်လိုနှင့် ပြင်သစ်နည်းပြ ဒီဒီရာ ဒက်စ်ချမ့်တို့ကိုလည်း ချိတ်ဆက်နေသည်။ ဒက်စ်ချမ့်သည် (၂၀၁၀)ပြည့်နှစ်က ရာဖေးလ် ဘင်နီတက်ဇ် လီဗာပူးလ်မှ ထွက်ခွာစဉ် လီဗာပူးလ်သို့ ရောက်ရှိလုလု ဖြစ်ခဲ့သေးသည်။ ဘိုရပ်ရှား ဒေါ့တ်မန် နည်းပြ ဂျာဂန်ကလော့ပ်နှင့် နယ်သာလန် လက်ရွေးစင် အသင်း နည်းပြ ဘတ်ဗန်မားဝစ်ဂ်ျတို့သည်လည်း လီဗာပူးလ်၏ စောင့်ကြည့်မှုကို ခံနေရကြောင်း သိရှိရသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )