22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

အာဆင်နယ်နှင့် ဗန်ပါစီ စာချုပ်ကိစ္စ ဆွေးနွေးမှု အဆင် မပြေသည်ကို မန်စီးတီး စောင့်ကြည့်နေ

မန်ချက်စတာ စီးတီး အသင်းသည် အာဆင်နယ်နှင့် ရော်ဘင် ဗန်ပါစီတို့ စာချုပ်သစ် ကိစ္စ အဆင် မပြေသည့် အပေါ် အလေးအနက် အာရုံစိုက် စောင့်ကြည့်နေကြောင်း သိရှိရသည်။

အာဆင်နယ်သည် အသင်းခေါင်းဆောင် ဗန်ပါစီအား စာချုပ်သစ်အတွက် လက်မှတ် ရေးထိုးကြေး ပေါင်စတာလင် (၅)သန်းနှင့် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀) ပေးချေကာ စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်း ခဲ့သော်လည်း ဆွေးနွေးမှုသည် ပထမဆုံး အဆင့်တွင်ပင် တင်းမာမှုများဖြင့် ဆိုင်းငံ့ ခဲ့ရသည်။ မန်စီးတီးနှင့် ဂျူဗင်းတပ်စ် အသင်းများသည် အသက်(၂၈)နှစ်ရှိ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးကို ချိန်ရွယ်နေကြသည်။ ဗန်ပါစီသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ရာ လန်ဒန်ကလပ် အနေဖြင့် ကစားသမား၏ အနာဂတ်နှင့် ပတ်သက်၍ အလေးထား ဆုံးဖြတ်ရန် လိုအပ်လာခဲ့သည်။


မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် ယခုရာသီ ပရီးမီးယားလိဂ် သွင်းဂိုး(၃၀) ရရှိခဲ့သည့် ကစားသမားကို အစဉ်တစိုက် စိတ်ဝင်စား နေခဲ့သည်။ မန်စီးတီးသည် အစ်တီဟတ်သို့ ဗန်ပါစီ ရောက်ရှိ လာပါက တစ်ပတ်လျှင် ပေါင်စတာလင် (၂၂၀၀၀၀)ထိ ပေးချေသွားရန် အသင့် ရှိနေကြောင်း လေသံ လွှင့်ထားသည်။ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့သည် ဗန်ပါစီကို စိတ်ဝင်စားမှု ပြသခဲ့သော်လည်း မန်စီးတီးနှင့် ယှဉ်ပြီး မည်သည့် အသင်းမျှ ဈေးပေးနိုင်ဖွယ် မရှိချေ။

အာဆင်နယ်သည် အကယ်၍ နွေရာသီတွင် ဗန်ပါစီအား သက်တမ်းတိုး စာချုပ်နိုင်ခြင်း မရှိလျှင်ပင် အသင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးသည် အထိ ကစားစေမည်ဟု အစောပိုင်းက ပြောဆိုထားသည်။ ထိုအခြေအနေအရ ဗန်ပါစီသည် နောက်ထပ် (၁၂)လ ကစားပြီးချိန်တွင် အာဆင်နယ်အား အလွတ် ပြောင်းရွှေ့ကြေးဖြင့် စွန့်ခွာနိုင်မည် ဖြစ်သည်။
Ref: Daily Mail
မန်စီးတီးသည် အစ်တီဟတ်သို့ ဗန်ပါစီ ရောက်ရှိလာပါက တစ်ပတ်လျှင် ပေါင်စတာလင် (၂၂၀၀၀၀)ထိ ပေးချေသွားရန် အသင့်ရှိနေကြောင်း လေသံလွှင့်ထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )