22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

ယုံကြည်ချက်တွေ တူညီချိန်မှာ လက်တွဲပြီး မတူညီတော့ချိန်မှာ မိတ်ဆွေလိုပဲ လမ်းခွဲကြမှာပါ ~ ဦးဇွဲလှိုင်မှီ

ရန်ကုန် ယူနိုက်တက် နည်းပြချုပ် အဲရစ်ဝီလျံ အသင်းနှင့် ရုတ်တရက် လမ်းခွဲ ခဲ့ခြင်းမှာ မိမိတို့ ထုတ်ပယ်သောကြောင့် မဟုတ်ဘဲ သူ့သဘောနှင့်သူ နှုတ်ထွက်သွားခြင်း ဖြစ်ကြောင်း ရန်ကုန် ယူနိုက်တက် အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက ပြောကြားခဲ့သည်။

"အဲရစ်ဝီလျံ ထွက်စာ တင်ရတဲ့ အကြောင်းအရင်းက သူအပြစ် မရှိပါဘူး ဆိုပြီး အပြစ် ပေးထားတာကို လက်မခံတာပါ။ ကျွန်တော်တို့ အသင်းမှာ မရှိမဖြစ် ဆိုတာ မရှိပါဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစား ရပါမယ်။ ယုံကြည်ချက်တွေ တူညီချိန်မှာ လက်တွဲပြီး မတူညီတော့ချိန်မှာ မိတ်ဆွေလိုပဲ လမ်းခွဲကြမှာပါ။" ဟု ဦးဇွဲလှိုင်မှီက ပြောကြားခဲ့သည်။
ကမ္ဘောဇနှင့် ပွဲအတွင်း ဒေါသပေါက်ကွဲနေခဲ့သည့် အဲရစ်ဝီလျံ

ရန်ကုန် ယူနိုက်တက်သည် အသင်း တည်ထောက်ပြီး (၃)နှစ်ကျော် ကာလအတွင်း ပြည်တွင်းပြည်ပ နည်းပြချုပ်(၅)ဦးအထိ ပြောင်းလဲခဲ့ပြီး ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ဦးဇွဲလှိုင်မှီက "အရင်က ပြောင်းခဲ့တာတွေ အားလုံးက အသင်းကောင်းဖို့ လုပ်ခဲ့တာချည်းပါပဲ။ အခု ကိစ္စကတော့ ကျွန်တော်တို့ ပြုလုပ်တဲ့ အပြောင်းအလဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခြေအနေဆိုး တစ်ခုကို ရင်ဆိုင်ရတာပါ။ အဲရစ်နဲ့ လမ်းခွဲရတာ အသင်းရဲ့ စည်းကမ်းပိုင်းနဲ့ သူ့ရဲ့ တောင်းဆိုမှုကြောင့်ပါ။ ကျွန်တော်တို့ရဲ့ စည်းကမ်းပိုင်းကို လုံးဝ အလျော့ မပေးနိုင်ပါဘူး။ ဒီလို လမ်းခွဲလိုက်လို့ အောင်မြင်မှု လမ်းကြောင်းကို မထိခိုက်လောက်ဘူးလို့ ယုံကြည်ပါတယ်။ အဓိက အပြစ်ပေးရတာကလဲ တစ်နိုင်ငံလုံး တိုက်ရိုက် ကြည့်ရှုနေတဲ့ ဘောလုံးပွဲ တစ်ပွဲမှာ ရန်ကုန် အသင်းနဲ့ ရန်ကုန်မြို့ ရဲ့ မျက်နှာကိုမှ မထောက် စည်းကမ်းမဲ့ ပြုမူခဲ့လို့ပါ" ဟု ရှင်းလင်း ပြောပြခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )