22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

မိမိ ဘ၀တွင် ဘာစီလိုနာသာ အရေး အကြီးဆုံး အသင်းဟု ယာယာတိုရေးဆို

မိမိ ဘ၀တွင် ဘာစီလိုနာသည်သာ အရေးအကြီးဆုံး အသင်းဖြစ်ကြောင်း ယာယာတိုရေးက ဖွင့်ဟ ပြောကြားလိုက်သည်။

မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ် ကစားသမားက လတ်တလောတွင် အစ်တီဟတ်၌ ပျော်ရွှင်နေသော်လည်း တစ်နေ့နေ့တွင် မိမိ၏ အနာဂတ်ကို အသင်းဟောင်း စပိန် ကလပ်တွင် ပြန်လည် မြှုပ်နှံရန် စိတ်ကူး ယဉ်နေမိကြောင်း ၀န်ခံ သွားသည်။ အသက်(၂၉)နှစ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင်သည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးအသင်း ဆွတ်ခူးနိုင်ရန် အဓိက အကျဆုံး ဦးဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်။ ၎င်းသည် (၂၀၁၀)ပြည့်နှစ်က မန်စီးတီးသို့ (၅)နှစ် စာချုပ် တစ်ရပ်ဖြင့် ရောက်ရှိလာသည်။ တိုရေးသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၅၀၀၀၀)ဖြင့် အသင်း၏ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်လာသလို မန်စီးတီးက ၎င်း၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၂၄)သန်းထိ အကုန်အကျ ခံခဲ့ရသည်။
အပြောင်းအရွေ့ သတင်းထွက်နေသည့် တိုရေး

တိုရေးက "ဘာစီလိုနာဟာ ကျွန်တော့် ဘ၀မှာ အရေးအကြီးဆုံး အသင်းပါပဲ။ ကျွန်တော် မန်စီးတီးမှာ ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ လာမယ့်နှစ် နည်းနည်း အတွင်းမှာ ဘာမဆို ပြောင်းလဲ သွားနိုင်တယ်။ ဒါဟာ ရက်ပိုင်း အတွင်းလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း ဘာစီလိုနာ ပရိသတ် တစ်ယောက်ပါ။ အင်္ဂလန် ရောက်နေပေမယ့် သူတို့ ကစားတဲ့ ပွဲတွေကို အမြဲတမ်း ကြည့်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် ကာတာလန်သား တစ်ယောက်လို ခံစားနေ ရတာပါ" ဟု ဆိုသည်။ တိုရေးသည် မန်စီးတီးတွင် လက်ရှိအချိန်ထိ (၉၂)ပွဲ ကစားကာ (၂၁)ဂိုး သွင်းယူ ပေးထားသည်။ ၎င်းသည် ရီးယဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ဘာစီလိုနာဟာ ကျွန်တော့် ဘ၀မှာ အရေးအကြီးဆုံး အသင်းပါပဲ။ ကျွန်တော် မန်စီးတီးမှာ ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ လာမယ့်နှစ် နည်းနည်းအတွင်းမှာ ဘာမဆို ပြောင်းလဲသွားနိုင်တယ်။ ဒါဟာ ရက်ပိုင်းအတွင်းလည်း ဖြစ်နိုင်ပါတယ်...
တိုရေးက ယင်းကိစ္စနှင့် ပတ်သက်ပြီး "တကယ်လို့ ရီးယဲလ်မှာ ကျွန်တော် ကစား နေတာကို မြင်ရရင် ဘာစီလိုနာ ပရိသတ်တွေ ဘယ်လောက်တောင် ဒေါသ ထွက်လိုက်မလဲ။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် လောလောဆယ်မှာ အနား ယူနေတုန်းပါ။ အနာဂတ်ကို ကျွန်တော် မပြောတတ်သေးဘူး။ ကျွန်တော်နဲ့ ရီးယဲလ်အကြောင်း လူတွေ တော်တော် ပြောနေကြတယ်။ ကျွန်တော့်အတွက် အရေး အကြီးဆုံး အရာက အောင်မြင်မှုရယ်၊ ပျော်ရွှင်မှုရယ်ပါပဲ" ဟုလည်း ဖွင့်ဟသွားသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )