22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

ဒူးခေါင်း ခွဲစိတ်မှု အတွက် ဆွီဒင်သို့ ၀ီလ်ရှိုင်းယား သွားရောက်မည်ဟု အာဆင်နယ် ကြေညာ

 
ဒူးဒဏ်ရာ ခွဲစိတ်မှုတစ်ခု လိုအပ် လာခြင်းနှင့် အတူ ဂျက်ဝီလ်ရှိုင်းယားသည် ဆွီဒင်သို့ သွားရောက်ရမည် ဖြစ်သည်။

အသက်(၂၀)အရွယ် အင်္ဂလန် လက်ရွေးစင် လူငယ် ကစားသမားသည် ယခု ရာသီအတွင်း ခြေကျင်းဝတ် ခွဲစိတ်မှု ခံယူခဲ့ ရပြီး တစ်ရာသီလုံး အာဆင်နယ် အတွက် မကစားပေးနိုင်ခဲ့ချေ။ ယခုအခါ ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ၎င်း၏ ဒူး၌ အရွတ်ထိခိုက် ရောင်ရမ်း လာသည့် အတွက် နောက်တစ်ကြိမ် ခွဲစိတ်မှု ခံယူရမည် ဖြစ်သည်။ အာဆင်နယ်ကမူ ယခု ခွဲစိတ်မှုသည် အသေးစားမျှသာ ဖြစ်ပြီး နာလံထ လေ့ကျင့်ခန်း အစီအစဉ်များ အားလုံး အခြေအနေ ကောင်းမွန်ကြောင်း ပြောကြားထားသည်။

ဝီလ်ရှိုင်းယားရဲ့ ဒူးအရွတ် တစ်ခု ပုံမှန် အနေအထား မဟုတ်တာကြောင့် အသေးစား ခွဲစိတ်မှု တစ်ခု ခံယူရမှာပါ။ သူက ဆွီဒင်ကို သွားပြီး ကုသမှု ခံယူပါမယ်...

အာဆင်နယ် အသင်းက "၀ီလ်ရှိုင်းယားရဲ့ ဒူးအရွတ် တစ်ခု ပုံမှန် အနေအထား မဟုတ်တာကြောင့် အသေးစား ခွဲစိတ်မှု တစ်ခု ခံယူရမှာပါ။ သူက ဆွီဒင်ကို သွားပြီး ကုသမှု ခံယူပါမယ်။ ၀ီလ်ရှိုင်းယား အနေနဲ့ နောက်ထပ် ရက်အနည်းငယ်မှာ အရင် လေ့ကျင့်ရေး အစီအစဉ်တွေကို ပြန်လုပ်ဆောင်နိုင်မယ် ထင်ပါတယ်။ ဒီခွဲစိတ်မှုဟာ နောက်ရာသီ သူပြန်ကစားနိုင်ရေးမှာ ထိခိုက်မှု မရှိလောက်ပါဘူး" ဟု ကြေညာခဲ့သည်။ အင်္ဂလန် လက်ရွေးစင် အသင်း အနေဖြင့်မူ ယခုခွဲစိတ်မှုကြောင့် ၀ီလ်ရှိုင်းယားအား ဥရောပ ဖလားသို့ ခေါ်ယူသွားရေး မျှော်လင့်ချက်ကို လုံးဝ စွန့်လွှတ် လိုက်ရပြီဖြစ်သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )