22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

အီတလီနှင့် သရေ ကျခဲ့သော်လည်း အုပ်စုဗိုလ် အဖြစ် စပိန် ကွာတား တက်မည်ဟု တောရက်စ်ဆို

မိမိတို့ အသင်းသည် ဥရောပ ဖလားတွင် အုပ်စုဗိုလ် အဖြစ် ကွာတားဖိုင်နယ် တက်ရောက်နိုင်လိမ့်မည်ဟု အိုင်ယာလန်နှင့် ပွဲမတိုင်မီ စပိန် လက်ရွေးစင် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်က ပြောကြားလိုက်သည်။

ချယ်လ်ဆီး အသင်းတွင် ကစားနေသော တောရက်စ်က လက်ရှိ ဥရောပ ချန်ပီယံတို့သည် အဖွင့်ပွဲစဉ်တွင် အမှတ်ပြည့် မရခဲ့သော်လည်း အုပ်စုဗိုလ် နေရာကို သေချာပေါက် ပိုင်ဆိုင်နိုင်မည်ဟု ဆိုသည်။ စပိန်သည် အုပ်စုအဖွင့် ပွဲစဉ်တွင် အီတလီအား နောက်မှလိုက်ကစားကာ သရေကျထားပြီးနောက် အိုင်ယာလန်နှင့် ခရိုအေးရှားတို့ကို ရလဒ်ကောင်းအောင် ကစားသွားရန် လိုအပ်လာပြီ ဖြစ်သည်။ တောရက်စ်သည် အီတလီနှင့်ပွဲတွင် (၇၄)မိနစ်တွင်မှ ၀င်ကစားခဲ့ပြီး အခွင့်အရေး အချို့ ရရှိ ခဲ့သော်လည်း ဂိုးမရခဲ့ချေ။


တောရက်စ်က "ကျွန်တော်တို့ အီတလီနဲ့ပွဲမှာ ခက်ခဲမယ် ဆိုတာ ကြိုသိခဲ့ပြီးသားပါ။ ခုတော့ ကျွန်တော်တို့ဟာ ရှေ့ဆက်ပြီး အာရုံစိုက်ဖို့ပဲ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ဟာ အမှတ်ပေး ဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်ဖို့ ရည်ရွယ် ထားပါတယ်" ဟု ပြောကြားခဲ့သည်။ အခွင့်အရေး (၂)ကြိမ်ရသော်လည်း  ဂီယန်လူဂီ ဘူဖွန်၏ ဂိုးပေါက်ထဲ ဘောလုံးရောက်အောင် မပို့ဆောင်နိုင်ခြင်းနှင့် ပတ်သက်ပြီးလည်း "ဂိုးပေါက် လွဲသွားတာဟာ ရှက်စရာပါပဲ။ တစ်ဦးချင်း တွေ့တဲ့ အခြေအနေမှာ ဘူဖွန်က အသာ စီးရသွားတယ်။ သူက ကျွန်တော် ဘယ်ကို ထွက်မယ်ဆိုတာ မှန်းလို့ ရသွားတယ်လေ။ ပြောရရင် အဲဒီပွဲမှာ နှစ်သင်းလုံး အနိုင်ရဖို့ အခွင့်အလမ်း ရှိခဲ့ပါတယ်" ဟုလည်း တောရက်စ်က မှတ်ချက်ပြုခဲ့သည်။

ကျွန်တော်တို့ အီတလီနဲ့ပွဲမှာ ခက်ခဲမယ် ဆိုတာ ကြိုသိခဲ့ပြီးသားပါ။ ခုတော့ ကျွန်တော်တို့ဟာ ရှေ့ဆက်ပြီး အာရုံစိုက်ဖို့ပဲ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ဟာ အမှတ်ပေး ဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်ဖို့ ရည်ရွယ် ထားပါတယ်...
၎င်းက "အီတလီနဲ့ သရေ ကျခဲ့တာ ရှက်စရာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဟာ ကမ္ဘာ့ချန်ပီယံ (၄)ကြိမ်နဲ့ ဥရောပ ချန်ပီယံ (၁)ကြိမ် ဖြစ်ခဲ့ဖူးတယ်လေ" ဟုလည်း ပြောဆိုသွားသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )