22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

န၀ရတ် ဟိုတယ် ပြန်လည်ဖွင့်ခွင့်ရ



ယနေ့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု အနည်းငယ်ရှိလာတာနှင့် အညီ ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပမှ ခရီးသွားများ အ၀င်အများဆုံးဖြစ်ခဲ့ပါတယ်။

ခရီးသွားတွေများ လာတာနှင့်အညီ မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်နှုန်းထားများကလည်း မြင့်တက်လာပါတယ်။ လာရောက်တဲ့ ခရီးသွားဧည့်သည်များအတွက် တည်းခိုးရန် မလုံလောက်မှုများနှင့် ကြုံတွေ့နေရကြောင်း ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများကပြောကြားပါတယ်။

ယခုအချိန်မှာ ရန်ကုန်မြို့မှာ ရှိတဲ့ပိတ်ပင်ထားခဲ့တဲ့ ဟိုတယ်တော်တော်များများကို မြန်မာ့ ဟိုတယ် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ စီစစ်ပြီး ပြန်လည်၍ ဖွင့်လှစ်ပေးခဲ့ပါသတဲ့။

အဲဒီထဲမှာမှ တစ်ချိန်က အာဏာရှင် ဦးနေ၀င်းတို့ရဲ့ မိသားစုပိုင် န၀ရတ် ဟိုတယ်လဲ ပါဝင်ပါသတဲ့။ န၀ရတ်ဟိုတယ်ကို ပိတ်ပင်ထားခဲ့တာ နှစ်ပေါင်း ၁၅ နှစ် လောက်ရှိခဲ့ပါပြီ။

ယခုအချိန်မှာတော့ ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနက စီစစ်ပြီး သမိုင်းလမ်းဆုံမှာရှိတဲ့ န၀ရတ်ဟိုတယ်ကိုလည်း ပြန်လည် ဖွင့်လှစ်ခွင့် ပေးလိုက်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟော်တယ်က ၂ ခုတည်းသာ ရှိကြောင်း ခရီးသွားလုပ် ငန်း အေဂျင်စီတာဝန်ခံများက ဆိုပါတယ်။

ဒီအပြင် ပိုဆိုးတာက အရင်က ဘင်ဂလိုတခုကို အမေရိကန်ဒေါ်လာ ၈၀ ကျော်လောက်ပေးရတာက အခုချိန်မှာ အမေရိကန်ဒေါ်လာ ၄၀၀ လောက်ထိ ၅ ဆလောက် တည်းခိုစာရိတ်မြင့်တက်သွားမှုအပေါ် နိုင်ငံခြား ခရီးသွားများလည်း အံ့အားတသင့် ဖြစ်နေကြပါတယ်တဲ့ ။

ဟော်တယ်ကြီးတော်တော်များများကို ပိုင်ဆိုင်သူတွေက နံမည်ကြီး သူဌေးကြီးများ ဖြစ်ကြတဲ့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးစတီဗင်လော စတဲ့ အစိုးရနဲ့ နီးစပ်ပြီး ကြွယ်ဝချမ်းသာလာသူများ ဖြစ်တယ်လို့ လူတွေက ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေဆီက နိုင်ငံခြားငွေ ရဖို့အရေး အခုထိတော့ ဟော်တယ်ဝန်ဆောင်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေး ၀န်ဆောင်မှုတွေက အားနည်းနေသေးကြောင်းလည်း စစ်တမ်းများက ဖော်ပြနေပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )