22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

သုတေသနပြုလိုသူများ ချင်းမိုင်တက္ကသိုလ်တွင် ပညာတော်သင် လျှောက်ထားနိုင်



ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ (ဇင်းမယ်မြို့) ချင်းမိုင်တက္ကသိုလ်ဝန်းအတွင်းရှိ အမျိုးသမီးဆောင် (ဓာတ်ပုံ - http://www.twip.org)


မြန်မာနိုင်ငံ တံခါးဖွင့်ပြီး စီးပွါးရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခြေအနေတွင် ဖြစ်ပေါ်လာသည့် လူမှုရေးအပြောင်းအလဲများအား သုတေသနပြုရာ၌ သိသင့်သည့် ဗဟုသုတနှင့် လိုအပ်သည့် ကျွမ်းကျင်မှုတို့ သင်ကြားနိုင်ရန် ချင်းမိုင်တက္ကသိုလ် က မြန်မာပညာတော်သင်များအတွက် ပညာရေးအခွင့်အလမ်းတခု ဖန်တီးပေးလိုက်ပြီဖြစ်သည်။

Understanding Myanmar’s Development ဟုခေါ်သည့် သုတေသနဆိုင်ရာ ပညာတော်သင် အစီအစဉ်ကို ချင်းမိုင်တက္ကသိုလ် လူမှုသိပံ္ပဌာန Regional Center for Social Science and Sustainable Development (RCSD) မှ ကြီးမှူးပြီး မြန်မာသုတေသီများ၏ စွမ်းရည် ပိုမို အားကောင်းလာစေရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဗဟုသုတ အသိ ပိုမို ကြွယ်ဝလာစေရေး၊ မြန်မာ ထိုင်းနှင့် အခြားနိုင်ငံများမှ သုတေသီများအကြား ရေရှည် အပြန်အလှန် ပညာရေးဖလှယ်မှုကို အားပေးရေးတို့ကို ရည်ရွယ်ကြောင်း သိရသည်။

ယင်းအစီအစဉ်မှာ အငယ်တန်းနှင့် အလယ်တန်း သုတေသီများအတွက်ဖြစ်ပြီး လတ်တလော ကျောင်းတက်နေသူများသာမက စီးပွါးရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းနှင့် မီဒီယာလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်နေသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

အဓိကဦးစားပေး သုတေသနမှာ လူမှုရေးနှင့် စီးပွါးရေးဖွံ့ဖြိုးမှု (Social and economic development)၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအပြောင်းအလဲ (Agricultural development, the environment and climate change)၊ ကျန်းမာရေးနှင့် ကျန်းမာရေးစနစ် (Health and health systems)၊ သတင်း မီဒီယာ နှင့် လူ့အဖွဲ့အစည်း (Information, the media and society) တို့ဖြစ်သည်။

ယင်းအစီအစဉ်ကို ယခုနှစ် ဇူလိုင်လတွင် စမည်ဖြစ်ပြီး လျှောက်လွှာများ ဇွန်လ ၁၅ရက် နောက်ဆုံးထားပေးပို့နိုင်သည်။ ပညာတော်သင်ရရှိသူများကို ဇွန်လ ၂၅ရက်တွင် ထုတ်ပြန်ပေးမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များ၊ လျှောက်လွှာနှင့် ဆက်သွယ်ရန် လိပ်စာတို့ကို http://mrf-fellowships.weebly.com/index.html တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )