22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 15, 2012

သမ္မတ ဦးသိန်းစိန်နှင့် ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ် တွေ့ ဆုံ

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး
(နေပြည်တော်- မေ ၁၄)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်သို့ ရောက်ရှိလာသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ သမ္မတအိမ်တော်ရှေ့ မြက်ခင်းပြင်တွင် ယနေ့ ညနေ (၅)နာရီခန့်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အလေးပြုခံစင်မြင့်တွင် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ညနေ(၅)နာရီ (၂၀)မိနစ်တွင် သမ္မတအိမ်တော်ရှိ သံတမန်ခန်းမဆောင်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားပြန်လည်စည်းလုံးရေးဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ရင်းနှီးပွင့်လင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးအလားအလာများ ဆွေးနွေးကြပြီး သဘောထား အမြင် ဖလှယ်ကြသည်။
ထို့နောက် ညနေ(၆)နာရီ(၃၀)မိနစ်တွင် သမ္မတအိမ်တော်ရှိ Bilateral Meeting Room တွင် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပကြသည်။ ယင်းနောက် ဂုဏ်ပြုညစာစားပွဲ ဆက်လက်ကျင်းပမည် ဖြစ်သည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး

Myanmar President Office
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )