22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

ရေနံကွင်းအတွက်သိမ်းယူထားသော ယာမြေများတာဝန်ရှိသူများမှမဖြေရှင်းသေး

မကွေးမြို့ တောင်တွင်းလမ်း ပဋ္ဌနဂိုရ်လမ်းခွဲအနီး ရှိယာမြေများကို လွန်ခဲ့သောနှစ်
(၃၀)ခန့်ကမင်းလှ သံပရာကန် ရေနံချက်စက်ရုံမှ ထွက်ရှိသော ရေနံထွက်ကုန်များ
သိုလှောင်/ဖြန့်ဖြူး ရန်အတွက်သိမ်းယူထားပါသည်။


သိမ်းယူပြီး(၅)နှစ်ခန့်တွင်စီမံကိန်းမအောင်မြင်သဖြင့်ဆက်
လက်ပြီး မလုပ်ကိုင်
တော့ပါ။ စီမံကိန်းဖျက်သိမ်းပြီးနောက် ကွင်းပိုင်ဝန်ထမ်းများမှထွန်ယက်စိုက်ပျိုးလုပ်
ကိုင်ကြပါသည်။
 
 မူလယာပိုင်ရှင်များဖြစ်ကြသော တောင်သူများမှ ၀ိုင်းဝန်းတောင်းဆိုသဖြင့် 
လွန်ခဲ့သော(၁၅)နှစ်ခန့်က ကွင်းပိုင်များမှ တောင်သူများကို သိမ်းယူယာများထဲမှ
တချို့တ၀က်ကို တာများခွဲပြီးသတ်မှတ်ကြေး နှင့် မဲချပြီးလုပ်ကိုင်စေခဲ့ပါသည်။
 
 ယခုဒီမိုကရေစီ အစိုးရလက်ထက်တွင် သမ္မတ၏မူဝါဒများအတိုင်း
(သိမ်းဆည်းယာမြေများစီမံကိန်းမလုပ်တော့လျှင် ယာပိုင်ရှင်များလက်ဝယ်သို့
ပြန်လည်ပေးအပ်လုပ်ကိုင်ရမည်) တာဝန်ရှိသူများအားဆောင်ရွက်ပေးပါရန် တရားဝင် အကြောင်းကြားခဲ့ပါသည်။

ဂျာနယ်များတွင်လည်း သတင်းဆောင်းပါးများအနေနှင့်ထည့်သွင်းဖော်ပြခဲ့ပါသည်။ 
သို့သော် ယင်းကိတ်စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှယခုအချိန်အထိ 
ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည့်အပြင် (မစားရ သဲနှင့်ပက်) ယာလုပ်ပိုင်ခွင့်များပင်
ရပ်တန့်ထားခဲ့ပါသည်။

ယင်း ယာကိစ္စများကို အချိန်ယူပြီး ဖြေရှင်းရမည်ဆိုလျှင်လည်း တောင်သူများအား
ယခင်အတိုင်းတာများခွဲပြီးလုပ်ကိုင်စားသောက်စေသင့်ပါသည်။ ယခုအတိုင်းသာ 
ယာမြေများကို ပလှပ်ထားမည်ဆိုပါကတောင်သူများတွင်များစွာနစ်နာပါသည်။
 
နိုင်ငံတော်အတွက်လည်းနစ်နာပါသည်။ သမ္မတ ကြီး၏မူဝါဒစကားများနှင့်လည်း
လုံးလုံးကြီး သွေဖယ်နေပါသည်။ မိုးသံလေသံများလည်းကြားနေရပါပြီ
ယာများကိုလည်း မထွန်ယက်ရသေးပါ။
  
များပြားလှသော ယာမြေများကို ပလှပ်ထားမည်ဆိုပါက တောင်သူများစား
ဝတ်နေရေး အခက်အခဲဖြစ်ခြင်း၊လက်လုပ်/လက်စားများ အလုပ်ရှားပါးခြင်းများကြောင့်
မလိုလားအပ်သောကိတ်စမျာပါ ဖြစ်ပေါ်လာနိုင်ပါသည်။
 
ထို့ကြောင့် ယခုနှစ်တာဝန်ရှိသူများမှ မကိုင်တွယ်မဖြေ ရှင်းနိုင်လျှင်လည်း
ယခင်နှစ်များအတိုင်း တာများခွဲဝေပြီးတောင်သူ/လက်လုပ်လက်စားများအား
စားဝတ်နေရေးပြေလည်အောင်ဆောင်ရွက်ပေးနိုင်ရေး  တာဝန်ရှိသူများနှင့်
သမတကြီးတို့ သိရှိစေရန် တင်ပြတောင်းဆိုလိုက်ပါတယ်ခင်ဗျား........
 
 ရွာခံ တောင်သူတစ်ဦး
ယာလုပ်ပိုင်ခွင့်များပင်
ရပ်တန့်ထားသည့် လယ်ယာမြေများ

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )