22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး လုံခြုံရေးတပ်ဖွဲ့  များတွေ့ရသဖြင့် ပြည်သူများစိုးရိမ်းနေ

မေလ ၉ ရက်နေ့ ၂၀၁၂
 ယနေ့ ညနေ ၃း ၃၀ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရားလမ်း နှင့် တက္ကသိုလ်ရိပ်သာ

လမ်း မီးပွိုင့် မှ စပြီး အင်းလျှား မီးပွိုင့် အထိ ပေ -၄၀ ခန့် အကွာ တွင် ရဲ ၃ - ယောက် 

တပ်သား ၂ယောက် အရာရှိ ၁-ယောက် နေယူထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ် နှင့် မလှမ်း မကန်းတွင်လည်း  ရဲကား- ၃ -စီး ရပ်ထားသည်ကို မျက်မြင်တွေ့ရှိခဲ့သူ ဦးညွန့် ဝင်း က Myanmar News Now ကိုပြောပါသည်။  


အဆိုပါ လုံခြုံရေးတပ်ဖွဲ့ ဝင်များမှာ လက်နက်အပြည့် အစုံ တပ်ဆင်ထားပြီး မျက်ရည်ယိုပုံး ပစ်ခတ်နိုင်သည်လက်နက်ပါ တစ်ဖွဲ့လျှင် ရဲသားတစ်ယောက် ကိုင်ဆောင်ထားပါသည်။
 
လုံခြုံရေး တပ်ဖွဲ့ ဝင် အင်းအား ၅၀ ခန့်တွေ့ရှိသည်ဟု ဆိုပါသည်။
အကွာအဝေး တစ်နေရာလျှင် ၃ -ဦး ရှိပါပြီး  အင်းလျှား မီးပွိုင့် မှ လှည်းတန်းမီးပွိုင့် ကြား 

ရဲအစောင့်များ ကြဲသွားပါသည်။

 ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဖြင့် နေစဉ်ကာလတွင်လည်း ထိုကဲသို့ 
တွေ့ဖူးထားသဖြင့်  လမ်းအတွင်းသို့ ကားဖြတ်မောင်း သွားသော မိဘ

 ပြည်သူများမှာ စိုးရိမ်သောကများဖြစ်နေကြပါသည်။ လုံခြုံရေးရဲများ 
မိမိတာဝန် မိမိ ဆောင်ရွက်နေခြင်း မှန်ကန်သော်လည်း ၊ မိဘ ပြည်သူ

များမှာလည်း လွတ်လပ်စွာ စိတ်ပူနေခြင်းဖြစ်ပါကြောင်း ဦးညွန့် ဝင်း က

ဆက်လက်ပြောဆိုထားပါသည်။ 



ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ မှ ဖြတ်သွားတဲ့ ပြည်သူတဦးကလည်း လက်နက်အပြည်အစုံနဲ့ လုံခြုံရေးကားတွေ ဒေါ်အောင်ဆန်းစုကြည် 

အိမ်အနီးချထားတာတွေ့ တဲ့အတွက် စိုးရိမ်းကြီးစွာနဲ့ တယ်လီဖုန်းနဲ့ 

ဓါတ်ပုံရိုက်ပြီး Myanmar News Now ကိုပေးပို့ ထားပါသည်။

မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။

မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )