22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 17, 2012

ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်မပြု

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ရဲ့အမည်နာမကို လက်မခံတဲ့အတွက်ကြောင့် တခြားနာမည်တစ်ခု အစားထိုးပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထားမယ်လို့ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်းက ပြောကြားလိုက်ပါတယ်။

၂၀ ကြိမ်မြောက် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ညီလာခံ၌ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် မိန့်ခွန်းပြောကြားနေစဉ်။
ZNC ပါတီဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံမှာ ဇိုမီးအမျိုးသားဆိုတာ မရှိတာကြောင့် ZNC နာမည်နဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားတာကို လက်မခံနိုင်ဘူးလို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။
“ လုံးဝ ပယ်ဖျက်တာတော့ မဟုတ်သေးဘူးလေ၊ ဒီနာမည်ကို မသုံးပါနဲ့ တခြားနာမည်နဲ့တင်ပါ။ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အဲဒါမတင်နိုင်ဘူးဆိုရင် မလျှောက်ထားဘူးဆိုတဲ့ သဘောလို့ပဲ မှတ်ယူမယ်လို့ ပြောတယ်’’
ဇိုမီးလို့ခေါ်တဲ့ ချင်းအနွယ်ဝင်တွေဟာ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ အဓိကနေထိုင်ကြပြီး ချင်းဆိုတဲ့ အမည်နာမကို လက်မခံဘဲ မိမိကိုကိုယ် ဇိုးမီးလို့ ခေါ်ဆိုသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ZNC ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အခုရွေးကောက်ပွဲ ကော်မရှင်က လက်မခံတဲ့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်နဲ့ပဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်မြေ ၂ နေရာ အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
Zomi National Congress ပါတီကို တခြားဘာနာမည်နဲ့ အစားထိုးမလဲ ဆိုတာကိုတော့ ပါတီလူကြီးတွေ မစုံသေးတာကြောင့် မရွေးချယ်ရသေးပေမယ့် ဒီလ ၃၁ ရက်နေ့ မတိုင်ခင်မှာတော့ တခြားနာမည်တခုခုနဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်လျှောက်ထားမယ်လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )