အောင်ဆန်းကွင်းတွင် ဇွဲကပင် ယူနိုက်တက် အသင်းအား (၄)ဂိုး (၁)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့သည့် နေပြည်တော် အသင်းအား ပြည်ပရောက် အသင်း ပရိသတ် တစ်ဦးမှ ဆုငွေ ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အသင်းပိုင် ၀က်ဘ်ဆိုက်၏ ဖော်ပြချက်အရ နေပြည်တော် အသင်း ကစားသမား များအနေဖြင့် အဆိုပါ နိုင်ပွဲအတွက် ဆုကြေးငွေ ကျပ်သိန်းတစ်ရာ တိတိ ချီးမြှင့်ခြင်း ခံခဲ့ရကာ နည်းပြအဖွဲ့မှာ သီးခြားချီးမြှင့်ငွေ ကျပ်(၁၀)သိန်း ရရှိခဲ့သည်။ အဆိုပါ ဆုကြေးအား ယမန်နေ့ ညပိုင်းက White Race စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည့် အသင်း ဂုဏ်ပြု ညစာစားပွဲတွင် ပေးအပ်ခဲ့ခြင်း ဖြစ်ကာ ပြည်ပရောက် ပရိသတ် တစ်ဦး၏ ကိုယ်စား ကိုရီးယား လူမျိုး မစ္စတာ ၀မ်ဂျွန်ဝူးက ချီးမြှင့်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နေပြည်တော် အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုညစာစားပွဲတွင် ဆုချီးမြှင့်စဉ်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အသင်းများ၏ တစ်ပွဲချင်း ဆုကြေးနှင့် ပတ်သက်၍ ငွေကျပ် သိန်း (၅၀)ထက် မပိုသော ဆုကြေးကိုသာ ပေးရမည်ဟု ယခုနှစ် ဘောလုံးရာသီ မတိုင်မီက ကန့်သတ်ခဲ့သည်။ ယခု ချီးမြှင့်မှုမှာ ပြည်ပရောက် အသင်းပရိသတ် တစ်ဦး၏ ချီးမြှင့်မှုဟု ဆိုထားရာ စည်းကမ်းထိန်းသိမ်းရေး အနေဖြင့် မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်အား စောင့်ကြည့်ရမည် ဖြစ်သည်။
နေပြည်တော်နှင့် ဇွဲကပင် ယူနိုက်တက်တို့ ပွဲစဉ်မှာ ပထမပိုင်းတွင် ဂိုးမရှိ သရေသာ ဖြစ်နေခဲ့ပြီး ဒုတိယပိုင်းတွင်မှ ဂိုးများ သွင်းယူ ခဲ့ကြခြင်း ဖြစ်သည်။ နေပြည်တော် အတွက် အဖွင့်ဂိုးအား သူရိန်စိုးက စတင် သွင်းယူပေးခဲ့ကာ နိုင်နိုင်ကျော်က ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။ သို့သော် စထက်နိုင်ဝင်းက နှစ်ဂိုးဆက် ထပ်သွင်းခဲ့ပြီး ပွဲပြီးခါနီးတွင် နေဇော်ထက်က နောက်တစ်ဂိုး သွင်းကာ နေပြည်တော် အသင်းက ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
3:23 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com