22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 16, 2012

မန်စီးတီးမှ ယာယာတိုရေး ထွက်ခွာရန် အသင့် ရှိနေကြောင်း အေးဂျင့်ဖြစ်သူ ပြောကြား

မန်ချက်စတာ စီးတီးအသင်းမှ ယာယာတိုရေး ထွက်ခွာဖွယ် ရှိနေကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောကြားခဲ့သည်။


မန်စီးတီးကို (၄၄)နှစ်ကြာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အမှတ်ပေး ချန်ပီယံ ဆုဖလား ကိုင်မြှောက်ခွင့် ရရှိအောင် ကူညီပေးပြီးနောက် အိုင်ဗရီကို့စ် လက်ရွေးစင်သည် စိန်ခေါ်မှုသစ်များကို ငံ့လင့်နေကြောင်း သိရှိရသည်။ အေးဂျင့် ဒီမီထရီ ဆီလာ့ခ်က ကွင်းလယ် ကစားသမားအတွက် ကမ်းလှမ်းမှု ပြုလုပ်ရန် အသင်းဟောင်း ဘာစီလိုနာနှင့် စပိန်လာလီဂါ ချန်ပီယံ ရီးယဲလ်မက်ဒရစ် တို့ကို ဖိတ်ခေါ်ခဲ့သည်။ ဆီလာ့ခ်က "မန်စီးတီးမှာ သူလုပ်နိုင်သမျှ အားလုံးကို တိုရေးက လုပ်ပေးခဲ့ပြီးပြီ။ ခုချိန်မှာတော့ သူ့အတွက် စိတ်ဓာတ်ရေးရာ လှုံ့ဆော် နိုးကြွမှု အသစ်တွေ လိုအပ်နေပါပြီ။ သူဟာ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ် တို့လို အသင်းကြီးတွေနဲ့ လက်မှတ်ထိုးနိုင်ပါတယ်။ ပြီးတော့ ရီးယဲလ်နဲ့ ဘာစီလိုနာကိုလည်း ဒီပွဲမှာ ၀င်ပါစေချင်တယ်"ဟု ပြောဆိုခဲ့သည်။
မန်စီးတီးမှ ထွက်ခွာဖွယ် ရှိနေသည့် ယာယာတိုရေး

၎င်းက စကားသည် တိုရေးကို အလွန် နှစ်ခြိုက် အားပေးနေသည့် မန်စီးတီး ပရိသတ်အတွက် ထိုးနှက်မှုတစ်ခု ဖြစ်လာစေသည်။ ဆီလာ့ခ်က "ကျွန်တော် ဘာစီလိုနာနဲ့ စကားမပြော ဖြစ်သေးပါဘူး။ ဒါပေမဲ့ သူတို့က လက်ရှိ အခြေအနေကို သိပြီးသားပါ။ ရီးယဲလ်ကရော ဒါကို စိတ်ဝင်စား ပါ့မလားတော့ မသိဘူး။ ဟိုဆေး မော်ရင်ဟိုကတော့ ချယ်လ်ဆီးကို သူကိုင်နေကတည်းက တိုရေးကို ချိတ်ခဲ့ဖူးတယ်" ဟုလည်း ဆိုသည်။ အသက်(၂၉)နှစ်ရှိ တိုရေးသည် ပြီးခဲ့သည့် သီတင်းပတ်ကမှ ၎င်းသည် တစ်နေ့နေ့တွင် ဘာစီလိုနာသို့ ပြန်သွား ကစားလိုကြောင်း ဖွင့်ဟခဲ့သေးသည်။

မန်စီးတီးမှာ သူလုပ်နိုင်သမျှ အားလုံးကို တိုရေးက လုပ်ပေးခဲ့ပြီးပြီ။ ခုချိန်မှာတော့ သူ့အတွက် စိတ်ဓာတ်ရေးရာ လှုံ့ဆော် နိုးကြွမှု အသစ်တွေ လိုအပ်နေပါပြီ်...
မန်စီးတီးသို့ ပေါင်စတာလင် (၂၄)သန်းဖြင့် ဘာစီလိုနာမှ ရောက်ရှိလာသော တိုရေးသည် အသင်းတွင် စာချုပ်သက်တမ်း (၃)နှစ် ကျန်ရှိနေသေးသည်။ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက တိုရေးကိစ္စကို မှတ်ချက် မပေးသေးသော်လည်း တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီ အသင်းတွင် ဆက်ရှိမည်ဟု (၁၀၀)ရာခိုင်နှုန်း အာမခံခဲ့ပြီး ကားလို့စ် တီဗက်ဇ်သည်လည်း အစ်တီဟတ်တွင် ဆက်ကစားရန် ဆန္ဒရှိနေကြောင်း ပြောဆိုသွားခဲ့သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )