မိမိအပေါ် စွဲချက် တင်ထားသည့် စွဲချက်များ အနက် ဆာဂျီယို အဂူရိုအား တိုက်ခိုက်ခဲ့မှု အပေါ် ဂျိုယေးဘာတန်က ၀န်ခံ ခဲ့သော်လည်း ဗင်းဆင့် ကွမ်ပနီအား စော်ကားခဲ့သည့် ဆိုခြင်းကိုမူ ငြင်းဆိုသွားသည်။
QPR အသင်းခေါင်းဆောင် ဘာတန်သည် ပရီးမီးယားလိဂ် ရာသီသိမ်း ပွဲစဉ်တွင် မန်ချက်စတာ စီးတီး တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်နှင့် ငြိခဲ့သည့်နောက် အနီကတ်ပြ ခံခဲ့ရသည်။ ဒေါသတကြီး ဖြစ်သွားသော အသက်(၂၉)နှစ်အရွယ် ကွင်းလယ် ကစားသမားသည် အဂူရိုကို နောက်မှ ကန်ခဲ့ရာ ပြဿနာ ပိုကြီးသွားပြီး မန်စီးတီး အသင်းခေါင်းဆောင် ကွမ်ပနီ အပါအ၀င် ပြိုင်ဘက် အသင်းသားများနှင့် အခြေအတင် ဖြစ်ခဲ့သည်။ ထို့နောက် FAက ၎င်းအား ထိုကိစ္စများ အတွက် စွဲချက်နှစ်ခု သတ်မှတ်ခဲ့သည်။ ဘာတန်က အဂူရိုကို တိုက်ခိုက်ခဲ့သည့် စွဲချက်ကို လက်ခံသော်လည်း ကွမ်ပနီနှင့် ပြဿနာ တက်ခဲ့ခြင်း အတွက်မူ အပြစ် မရှိဟု ငြင်းဆိုသွားသည်။
FAက "QPR အသင်းခေါင်းဆောင် ဘာတန်ဟာ အဂူရို အပေါ် သူ့ရဲ့ ပြုမူ ဆက်ဆံပုံဟာ အကြမ်းပတမ်း၊ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားကြောင်း လက်ခံခဲ့ပါတယ်။ သူက ဒုတိယ စွဲချက်ဖြစ်တဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကွမ်ပနီကို ရန်ပြုမှုကိုတော့ အပြစ် မရှိကြောင်း တုံ့ပြန်ထားတယ်" ဟု ကြေညာခဲ့သည်။ ထို့အပြင် ဘာတန်သည် ယင်းအတွက် ပုဂ္ဂိုလ်ရေး ကြားနာမှု တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုထားကြောင်း၊ ကြားနာမှု အတွက် နေ့စွဲကို မသတ်မှတ် ရသေးကြောင်းလည်း FA က ကြေညာ သွားခဲ့သည်။
QPRအသင်းခေါင်းဆောင် ဘာတန်ဟာ အဂူရိုအပေါ် သူ့ရဲ့ ပြုမူဆက်ဆံပုံဟာ အကြမ်းပတမ်း၊ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားကြောင်း လက်ခံခဲ့ပါတယ်။ သူက ဒုတိယ စွဲချက်ဖြစ်တဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကွမ်ပနီကို ရန်ပြုမှုကိုတော့ အပြစ် မရှိကြောင်း တုံ့ပြန်ထားတယ်...
ဘာတန်သည် အစ်တီဟတ် ကွင်းတွင် တစ်ရာသီအတွင်း နှစ်ကြိမ် အနီကတ် ထိသူလည်း ဖြစ်လာသည်။ QPR အသင်းက ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကလပ် အသင်းဘက်မှလည်း သီးခြားစုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် အတည်ပြုထားခဲ့သည်။
Ref: Daily Mail
9:35 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com