နေရှင်နယ်လိဂ် ကလပ်အသင်း ရက္ခပူရသည် ၎င်းတို့ အသင်း၏ နည်းပြဖြစ်သူ ဘရာဇီးလ် လူမျိုး မစ္စတာ လီယိုနာဒိုအား ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ နေရှင်နယ်လိဂ် ၀က်ဘ်ဆိုက်၏ ဖော်ပြချက် အရ ရက္ခပူရ အသင်း အနေဖြင့် လီယိုနာဒိုအား ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းအား ဘောလုံး အဖွဲ့ချုပ်သို့ တရားဝင် အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လီယိုနာဒိုသည် အသင်း ရလဒ်များ ဆိုးရွား နေခြင်းကြောင့် နည်းပြချုပ် ရာထူးမှ နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲ ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဘောလုံး အဖွဲ့ချုပ်သို့ အကြောင်း ကြားခဲ့သည့် စာတွင် ၎င်းအနေဖြင့် အသင်း ပိုင်ရှင်အား မထီမဲ့မြင် ရိုင်းပြစွာ ပြောဆို ဆက်ဆံခြင်း၊ အသင်း နည်းပြ အဖွဲ့ဝင် များနှင့် စကားများခြင်း၊ အသင်း မန်နေဂျာ ဦးကျော်စွာအား ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ ရုံးသုံး စာရွက်စာတမ်း များအား ဖြဲဆုတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြ ပါရှိခဲ့သည်။
ရာထူးမှ ရပ်စဲခံလိုက်ရသည့် လီယိုနာဒိုနှင့် အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း
လက်ရှိ အချိန်တွင် ရက္ခပူရ ယူနိုက်တက် အသင်းသည် နည်းပြချုပ် အဖြစ် ယခင် ဒယ်လ်တာ ယူနိုက်တက် (ဧရာဝတီ ယူနိုက်တက်) အသင်း၏ နည်းပြချုပ်ဟောင် ဦးအောင်နိုင်အား တာဝန်ပေး ခန့်အပ်ထားသည်။
9:34 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com