22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ယခုနှစ်အကုန်ပိုင်းမှာ သွားရောက် လည်ပတ်မည်ဟုဆို..



လွန်ခဲ့တဲ့ (၂၆နှစ်) ၁၉၈၆ခုနှစ် ဧပြီလက  ကျိုတိုချယ်ရီပွင့်ချိန်မှာ ရိုက်ကူးခဲ့တဲ့ အမေစု..
မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုနှစ်အကုန်ပိုင်းမှာ ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်နိုင်ဖို့ စီစဉ်ထားကြောင်း    http://www.betweenonline.comမှာ Nikkei သတင်းဋ္ဌာနရဲ့ ရေးသားချက်အား ကိုးကား ဖော်ပြထားပါတယ်..။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Takashi Saitoမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်မှာသွားရောက် တွေ့ဆုံစဉ်မှာလည်း ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်လိုကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်..။

ဒါဟာ လွန်ခဲ့တဲ့ ၁၉၈၅/၈၆နှစ်က ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ လာရောက်စာတမ်း ပြုစုခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၆နှစ်အကြာမှာ  လာရောက် လည်ပတ်မယ့် ဂျပန်နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်..။ (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းအား (၉)လကြာ စာတမ်း ပြုစုခဲ့ပါတယ်...)

Source... http://www.betweenonline.com/2012/05/03/suu-kyi-will-visit-japan-for-the-first-time-in-26-years/
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ပြီး စာတမ်းပြုစုခဲ့တဲ့ (Center for Southeast Asian Studies East Building) အဆောင်ရဲ့ (၃)ထပ် အခန်းနံပါတ် E306အား ဒေါ်အောင်ဆန်းစုကြည် အခန်းအဖြစ်ထားရှိ ထားပါတယ်..။ (ဓာတ်ပုံ ဒီမိုဝေယံ)
လာမယ့်  ဇွန်လလယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ခုနှစ်နောက်ပိုင်း ၂၄နှစ်ကြာ ပြည်ပခရီးစဉ်အဖြင့် နော်ဝေးနိုင်ငံနဲ့ ဗြိတိန်နိုင်ငံသို့ သွားရောက်မှာဖြစ်ပါတယ်...။ အဆိုပါခရီးစဉ်အတွင်း  ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အဖွဲ့ချုပ်မှ မည်သူမည်ဝါ လိုက်ပါသွား ရောက်မည် ဆိုတာကိုတော့ သက်ဆိုင်ရာ အစိုးရမှ စပွန်ဆာပေးမည့် အပေါ်မှာ မူတည်ကြောင်း အဖွဲ့ချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်မှ သိရှိရပါတယ်..။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )