22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

ကန့်သတ်နယ်မြေ၊ တိုရစ်ဇင်နဲ့ မြန်မာ့ဆွဲဆောင်မှု

ဓာတ်ပုံများ - အိမ့်သံစဉ်

မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ အ၀င်နှုန်းများအရ အရင်နှစ်များထက် စံချိန်တင်မြင့်တက် လာ ပါတယ်။ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအရ ကမ္ဘာက စိတ်ဝင်းစာမှုများလာတာလဲ ဖြစ်ပါတယ်။

နိုင်ငံတကာ ထိပ်သီး ခေါင်းဆောင်များလဲ ၀င်ရောက်လာမှုကြောင့်လဲ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွားတွေ များလာခဲ့ တယ်ဆိုတဲ့ အချက်လည်းပါတယ်။ ကြော်ငြာလုပ်စရာတောင် မလိုဘဲ ဒီလို များလာတာကြောင့် တချို့ နိုင်ငံခြားသားခရီး သွားတွေကို ကန့်သတ်ထားတဲ့ နယ်မြေတွေကို စာရင်းကဖယ်ရှားပေးဖို့ ခရီးသွား ကုမ္ပဏီတွေကလည်း လိုလားနေပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားများအတွက် ကန့်သတ် နယ်မြေတွေ ထားရှိခဲ့ပါတယ်။ အထူး လည်ပတ် စရာနေရာများကတော့ ပုဂံ၊ မန္တလေး၊ အင်းလေ၊ ရန်ကုန်၊ ကျိုက်ထီးရိုး၊ အစရှိတဲ့ နေရာတွေလောက်သာ သွားလာ လည်ပတ်ခွင့် ပေးထားတာပါ။

ကန့်သတ်နေမြေတွေဖြစ်တဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမှာ နိုင်ငံခြား ခရီးသွားတွေ အလွန်စိတ်ဝင်စားတဲ့နေရာတွေက ထုနဲ့ဒေးပါ။ နတ်မတောင် အမျိုးသားဥယျာဉ်လို နေရာကိုတောင် ပိတ်ပင် တားမြစ် ထားပါတယ်။

ဒါတွေကြောင့် ခရီးသွား ကုမ္ပဏီတွေက မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနကို ကန့်သတ်နယ်မြေတွေဆီ နိုင်ငံခြားသားဧည့်သည်တွေကိုသွားရောက်လည်ပတ်ခွင့် ပြုဖို့
တောင်းဆိုခဲ့ကြပါတယ် တဲ့။

လည်ပတ်ခွင့်တောင်းဆိုထားတာတွေထဲမှာ ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်၊ အရိဒ် ရေကန်၊ ဘုံတလာ ရေတံခွန် စတာတွေအပြင် ချင်းတောင်ပေါ်မြို့တွေလည်း ပါဝင်ပါတယ်တဲ့။

အခုအခြေအနေက ကယားပြည်နယ် အတွင်းမှာတော့ ဒွေးမယ်နော်၊ ပဒေါင်ရွာ၊ ထီးပွင့်ကန် ဖရုးစိုး၊ ဒီမောဆိုး စတာတွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ကန့်သတ်နယ်မြေတွေကို နိုင်ငံခြားသား ဧည့်သည် သွားရောက် လည်ပတ်နိုင်ဖို့ဆိုရင် ခရီးသွား လုပ်ငန်းတွေက ကြိုတင် ခွင့်ပြုမိန့် ရယူနေရတာမှာ အခက်အခဲတွေလည်း ရှိနေတာပါ။

ကန့်သတ်နယ်များ ထားရှိရခြင်းကတော့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားများရဲ့ လုံခြုံရေးအတွက် ဆို ပြီး ပြည်ထဲရေး ၀န်ကြီးဌာန မှ ၁၉၉၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ တွင်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ တုန်းက ထပ်ပြီး ကန့်သတ် နယ်မြေတွေကို ဖြည့်စွက်ခဲ့ပါသေးတယ်။ အထူးကန့်သတ်နယ်မြေအဖြစ် မိုးကုတ်၊ ဖားကန့်၊ နေပြည်တော် (ပျဉ်းမနား)စတဲ့ ဒေသတွေကို ခွင့်ပြုမထားခဲ့ပါဘူး။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကတော့ တိုင်းပြည်အတွက် နိုင်ငံခြားငွေ မြင့်မားလားစေရေးအတွက် လုပ်ငန်းရှင် တွေဘက်က တောင်းဆိုမှုကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကနေ ၀င်ငွေတွေ မြင့်လာဖို့ဆိုတာ မြန်မာနိုင်ငံမှာ ဟော်တယ်ကလည်း မလုံလောက်၊ ရှိတဲ့ဟော်တယ်တွေကလည်း ချက်ချင်းဆိုသလိုပဲ အခန်းကတွေက အမေရိကန်ဒေါ်လာ ၈၀ ကျော်တန်က ၄၀၀ ကျော်ဖြစ်သွားတာတွေကြောင့် အခက်အခဲတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်များက ပြောနေကြပါတယ်။

ဒါကြောင့် Home Stay နေထိုင်ခွင့်ပါ ရပါမှ အဖက်ဖက်မှာ အဆင်ပြေမှု တစုံတရာရှိမယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက လည်း ထောက်ပြပါတယ်။

ဒါပေမယ့် ဒီလို Home Stay နေထိုင်ခွင့်ပေးတဲ့ကိစ္စကလည်း ဒေသခံတွေနဲ့ သက်ဆိုင်ရာတွေ ကို ပညာပေးရေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လည်း လိုပါသေးတယ်။

ဒါပေမယ့် Home Stay ခွင့်ပြုမယ်ဆိုရင်လည်း မြန်မာနိုင်ငံက ဧည့်စာရင်း တိုင်ကြားရတဲ့ စနစ်နဲ့ အဟန့်အတားရှိနေပါသေး တယ်။

ကမ္ဘာလည့်ခရီးသွားလုပ်ငန်းက တိုင်းပြည်ဝင်ငွေတွေတိုးဖို့ကတော့ လက်ရှိ ကန့်သတ်နယ်မြေတွေ ရုပ်သိမ်း၊ Home Stay နေထိုင်ခွင့်ပေး၊ ဟော်တယ်တွေအလုံအလောက် တည်ဆောက်၊ အင်တာနက်၊ တယ်လီဖုန်း၊ ကား၊ ရထား စတဲ့ ပို့ဆောင် ဆက်သွယ်ရေး စနစ်တွေကို ပိုမို မြန်ဆန်ကောင်းမွန်အောင် လုပ်ဖို့ စတာတွေနဲ့ ပြင်ဆင်စရာတွေကတော့ အများကြီး ရှိနေ ဆဲပါဘဲ။

တကယ်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားများအတွက် အလွန်ဆွဲဆောင်မှု ကောင်းတဲ့ ရာသီဥတု၊ ယဉ်ကျေးမှု ဓလေ့စရိုက်၊ ဗိသုကာစတာတွေနဲ့ ပြည့်နှက်နေတာပါ။

ရာသီဥတုဆိုရင်လည်း ဟို မြောက်ပိုင်းမှာ ရေခဲတောင်တွေ၊ တောတောင် မြစ်ချောင်းတွေနဲ့ သဘာဝ အလှတွေနဲ့ အေးချမ်း မှုဟာ ကမ္ဘာ့အနောက်ချမ်းက လူတွေအတွက် သိပ်မစိမ်းလှတဲ့ ရာသီပါ။

အလယ်ပိုင်းမှာဆိုရင်လည်း အပူပိုင်း ရာသီနဲ့ အ တူ လိုက်ဖက်တဲ့ အညာဓလေ့တွေ၊ ဟိုး ၁၁ ရာစုလောက်ကတည်းက ဗိသုကာအနုပညာနဲ့ စေတီပုထိုးစတာတွေ၊ အောက် မြန်မာနိုင်ငံမှာလည်း မုတ်သုန်မိုးနဲ့အတူ လန်ဒန်လို မိုးရေတဖွေးဖွေး လေ့လာစရာတွေ၊ အလည်သွားချင်စရာတွေ စသဖြင့် စုံလင်လှ ပါတယ်။


အိမ့်သံစဉ်





Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )