22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

သန္ဓေအောင်ပြီး ကလေးရရှိစေရန်

 
အိမ်ထောင်ရှင် ဇနီးမောင်နှံနှစ်ဦးဟာ သန္ဓေတားနည်းလုံးဝ မသုံးဘဲ ပုံမှန်ဖိုမကိစ္စရှိပေမယ့် တစ်နှစ်ကြာတဲ့ အထိ ကလေးမရရှိတာကို သန္ဓေမအောင်ဘူးလို့ ခေါ်ကြပါတယ်။
လေ့လာမှုတွေအရ အိမ်ထောင်ရှင် ဇနီးမောင်နှံ ၁၀ ရာခိုင်နှုန်းဟာ သန္ဓေမအောင်ခြင်းဖြစ်တတ်ကြောင်း သိရပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲတွေအနေနဲ့ သန္ဓေအောင်မြင်ဖို့ရာ သိထားသင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အမျိုးသမီးများအတွက်
မမျိုးဥကြွေခြင်း
ပုံမှန်ရာသီစက်ဝန်း ၂၈ ရက်တစ်ကြိမ်မှာ ရာသီပေါ်ပါက ၁၄ ရက်မြောက်နေ့မှာ အမျိုးသမီးရဲ့ မမျိုးဥအိမ်ကနေ မမျိုးဥကြွေတတ်ပါတယ်။ မမျိုးဥဟာ မျိုးမအောင်ခဲ့ရင် ၁၂-၁၆ ရက်ကြာတဲ့အခါ ရာသီသွေး ဆင်းတတ်ပါတယ်။ တကယ်လို့ အမျိုးသမီးမှာ မမျိုးဥကြွေခြင်းဆိုင်ရာ ပြဿနာရှိနေရင်လည်း ကလေးရဖို့ မလွယ်ပါဘူး။
အဝလွန်ခြင်း
အမျိုးသမီးတွေအနေနဲ့ ပုံမှန်ကိုယ်အလေးချိန်ထက်များနေရင် ဒါမှမဟုတ်နည်းနေရင် ကိုယ်ဝန်ရရှိနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ အမျိုးသမီးတွေကို လေ့လာမှုအရ ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI) ပုံမှန်ရှိသူတွေထက် ကိုယ်ဝန်ရဖို့ နှစ်ဆကျော် အချိန်ယူရကြောင်း သိရပါတယ်။
အသက်ကြီးခြင်း
အမျိုးသမီးတွေဟာ အသက် ၃၀ ကျော်လာတာနဲ့ မျိုးအောင်နိုင်စွမ်း ကျဆင်းလာတတ်ပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော်တဲ့ အမျိုးသမီးတွေအနေနဲ့ ကလေးမရပါက ၆လမတိုင်ခင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။
သန္ဓေအောင်စေရန် အမျိုးသမီးတို့ လိုက်နာသင့်သော အချက်များ
- အဆင်သင့် ဆီကြော်စာတွေရှောင်ပြီး သံလွင်ဆီလို မပြည့်ဝဆီကို ရွေးသုံးပါ။
- အနီရောင်အသားအစား ပဲပိစပ်၊ ပဲနို့စတာတွေကနေ အသားဓာတ်ရယူပါ။
- အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပါ။
- ရေခဲမုန့်၊ နွားနို့၊ ဒိန်ခဲစတဲ့ အဆီများ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အသင့်အတင့်စားပေးရင် အမျိုးသမီးတွေကို မျိုးအောင်ခြင်းဖြစ်အောင် အားပေးပါတယ်။
Tips
အမျိုးသမီးရဲ့ မမျိုးဥအိမ်မှ မမျိုးဥကြွေပြီး ၁၂-၁၄ နာရီအကြာမှာ ဖိုမကိစ္စဆောင်ရွက်ရင် သန္ဓေတည်နိုင်ခြေများပါတယ်။
အမျိုးသားများအတွက်
သုက်ပိုးကျန်းမာရေး
အမျိုးသားကြောင့် မျိုးမအောင်ရတဲ့အချက်ထဲမှာ သုက်ကောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ သုက်ကောင်အရေအတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အသက်ကြီးခြင်း
အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အခါ သုက်ကောင်အရေအတွက်နဲ့ သုက်ကောင်ရဲ့ လှုပ်ရှားမှုဟာလည်း လျော့နည်းလာတတ်ပါတယ်။ လေ့လာမှုတစ်ခုအရ အသက် ၄၅ နှစ်နဲ့အထက် ရှိတဲ့အမျိုးသားတွေဟာ မျိုးအောင်ဖို့ အချိန်ကြန့်ကြာတတ်ကြောင်း သိရပါတယ်။
အဝလွန်ခြင်း
အဝလွန်တဲ့ အမျိုးသားတွေဟာ ကျားဟော်မုန်းတက်စတိုစတီရုန်းပမာဏ လျော့နည်းလာတတ်ပါတယ်။ အမျိုးသား ကျန်းမာရေးတက္ကသိုလ် လေ့လာမှုအရ ကိုယ်အလေးချိန် ၂၀ ပေါင်ပိုများတဲ့ အမျိုးသားတွေဟာ မျိုးအောင်နိုင်စွမ်း ၁၀ ရာခိုင်နှုန်း လျော့ကျသွားတတ်ကြောင်း သိရပါတယ်။
သန္ဓေအောင်စေရန် အမျိုးသားတို့ လိုက်နာသင့်သော အချက်များ
- စိတ်ဖိစီးမှုကို လျှော့ချပါ။
- အရက်နဲ့ ဆေးလိပ်ရှောင်ပါ။
- ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းရှိနေအောင် ထိန်းပါ။
- သွပ်ဓာတ်အများအပြားပါဝင်တဲ့အသား၊ ပင်လယ်စာ၊ ဥအမျိုးမျိုးနဲ့ ကောက်နှံတစ်ခုလုံးကို စားပါ။
- ဆီလီနီယမ်ဓာတ်ပါဝင်တဲ့ အသား၊ ပင်လယ်စာ၊ မှို၊ ကွေကာစားပါ။
- ဗီတာမင်အီးဟာလည်း အမျိုးသားတွေကို မျိုးအောင်စေဖို့ အားပေးပါတယ်။
- ရေနွေးနဲ့ ရေချိုးခြင်း၊ ရေပူစိမ်ခြင်း မလုပ်သင့်ပါ။
Tips
ကိုယ်ဝန်ရှိကြောင်း သိနိုင်သော အစောပိုင်းလက္ခဏာငါးရပ်
၁။ ရာသီမလာတော့ရင်
၂။ မကြာခဏ ဆီးသွားဖို့လိုအပ်လာရင်
၃။ မောပန်းလွယ်တတ်ရင်
၎။ နံနက်ခင်းမှာ ပျို့ချင်အန်ချင်စိတ်ဖြစ်နေရင်
၅။ ရင်သားတင်းလာပြီး ကြီးမားလာရင်
Print Friendly and PDFPrintPrint Friendly and PDFPDF

1 comments:

solonlay said...

ဆောင်းပါးကောင်းလေးတွေရေးပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )