22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

ဆွာရက်ဇ်က ဒဲလ်ဂလစ်ရှ်နှင့် ပတ်သက်ပြီး အမှတ်တရ ချီးကျူးစကား ပြောကြား

လီဗာပူးလ် အသင်းတွင် မိမိ၏ ဖြတ်သန်း ရပ်တည်မှုတိုင်းကို အကောင်းဆုံး ထောက်ပံ့ ကူညီ ပေးခဲ့သူဟု မန်နေဂျာဟောင်း ကင်နီဒဲလ်ဂလစ်ရှ်ကို လူးဝစ် ဆွာရက်ဇ်က ညွှန်းဆို ချီးကျူးခဲ့သည်။

ဒဲလ်ဂလစ်ရှ်သည် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ပက်ထရစ် အီဗရာကို ဆွာရက်ဇ်က လူမျိုးရေး ခွဲခြား ပြောဆိုမှုကြောင့် (၈)ပွဲပယ် ပြစ်ဒဏ် ကျခံရစဉ် ကာလများအတွင်း ကစားသမားဘက်မှ အပြည့်အ၀ ထောက်ခံ ရပ်တည်ပေးခဲ့သူ ဖြစ်သည်။ ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်က Twitterတွင် "ကင်နီရေ။ ကျွန်တော့်အပေါ် ပေးအပ်ခဲ့တဲ့ ကူညီ ထောက်ပံ့မှုတွေ အားလုံးအတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်က တစ်နှစ်ခွဲတာ ကာလ အတွင်းမှာ ခင်ဗျားဆီက အများကြီး လေ့လာ သင်ယူခွင့် ရခဲ့ပြီးပါပြီ။ နှုတ်ဆက်ပါတယ်။ ကံကောင်းပါစေ" ဟု ရေးသားခဲ့သည်။
ဒဲလ်ဂလစ်ရှ်အား ချီးကျူးခဲ့သည့် ဆွာရက်ဇ်

ဒဲလ်ဂလစ်ရှ် အသင်းမှ ခွဲခွာ သွားမှုသည် ၎င်းနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် ကစားသမား များ၏ အနာဂတ် အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ လီဗာပူးလ် နာမည်ကျော် ကစားသမားဟောင်း အလန်ဟန်ဆန်က တိုက်စစ်မှူး ဆွာရက်ဇ်အပြင် ပီပီရေနာ၊ မာတင်စကာတယ်လ်၊ ဒန်နီရယ်လ် အဂ္ဂါတို့အတွက်ပါ စိုးရိမ်မိကြောင်း ပြောကြားသွားသည်။ "လီဗာပူးလ်ဟာ ကစားသမားတွေ အစုလိုက် အပြုံလိုက် ထွက်ခွာတာကို ပြဿနာ တစ်ခုလို ကြုံလာနိုင်တဲ့ အပေါ် ကျွန်တော် စိုးရိမ်မိတယ်။ ဆွာရက်ဇ်၊ ရေနာ၊ စကာတယ်လ်နဲ့ အဂ္ဂါတို့ဟာ ဒဲလ်ဂလစ်ရှ် လက်အောက်မှာ တခြားသူတွေထက် အသင်းကို ပိုတွယ်တာ ခဲ့တာပါ" ဟု ဟန်ဆန်က ဆိုသည်။

ဆွာရက်ဇ် ကိုယ်တိုင်ကလည်း မိမိသည် စပိန်မြေတွင် သွားကစားရန် ဆန္ဒရှိကြောင်း ပြောဆိုကာ အန်းဖီးလ်မှ ထွက်ခွာရေးကို အရိပ်အမြွက် လမ်းကြောင်း ပြထားသည်။ "ကျွန်တော် အနာဂတ်မှာ စပိန်ကို သွားကစားချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်နဲ့ အီတလီ ပွဲတွေလိုပဲ စပိန်ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ပြိုင်ပွဲတွေပဲလေ။ ဘယ်ကစားသမားမဆို အဲဒီမှာ ကစားဖို့ အိပ်မက်တစ်ခုတော့ ရှိကြမှာပဲ"ဟု ဆွာရက်ဇ်က Twitter၏ Chatမှတစ်ဆင့် စပိန် သတင်းဌာန Marca၏ စာဖတ် ပရိသတ်များထံ ပြောဆိုသွားသည်။
Ref: Daily Mail
ကင်နီရေ။ ကျွန်တော့်အပေါ် ပေးအပ်ခဲ့တဲ့ ကူညီထောက်ပံ့မှုတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က တစ်နှစ်ခွဲတာ ကာလအတွင်းမှာ ခင်ဗျားဆီက အများကြီး လေ့လာ သင်ယူခွင့် ရခဲ့ပြီးပါပြီ။ နှုတ်ဆက်ပါတယ်။ ကံကောင်းပါစေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )