22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

တိုက်ပွဲတွေကြောင့် လုံခြုံရေးအထူးသတိထားဖို့ တရုတ်နိုင်ငံသားတွေကို သတိပေး

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်နေတာကြောင့် တရုတ်နိုင်ငံ ကုမ္ပဏီတွေ၊ နိုင်ငံသားတွေ အနေနဲ့ လုံခြုံရေး အထူးသတိထားကြဖို့ တရုတ်အစိုးရ ကုန်သွယ်ရေး ၀န်ကြီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ်၊ ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်တံခါးကို တရုတ်မြို့ ကျယ်ဂေါင်ဖက်မှနေ၍ မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP)
တရုတ်နိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ စီးပွားရေးကိစ္စ ခရီးသွားလာခြင်း ရှောင်ရှားကြဖို့၊ ဒေသတွင်း ရှိပြီးသား တရုတ်ကုမ္ပဏီတွေ အနေနဲ့ လုံခြုံရေး အထူးသတိထားကြဖို့ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ သတိပေး ကြေညာချက်မှာ ဖော်ပြထားတယ်လို့ စင်ဟွာသတင်းက ရေးသားပါတယ်။
ဒီရက်ပိုင်းအတွင်း နယ်စပ်မှာ အစစ်အဆေးများပြီး လုံခြုံရေး တင်းကြပ်လာကြောင်း တရုတ် မြန်မာနယ်စပ် ကုန်သည်တဦးက RFA ကို အခုလို ပြောပြပါတယ်။
"ဒီတရုတ်နိုင်ငံဘက် အခြမ်းအရ ပြောရမယ်ဆိုရင်တော့ တရုတ်တပ်ဖွဲ့တွေ ဘာတွေက လုံခြုံရေး ဒီဂျယ်ဂေါင်တွေမှာ တော်တော်လေးတော့ စစ်ဆေးတာတော့ ရှိတယ်။ ဗမာပြည်ကလူတွေ အဝင်အထွက်တွေ ယာဉ်တွေကိုတော့ တော်တော်များများ စစ်ဆေးနေတယ်"
တရုတ် အာဏာပိုင်တွေက နယ်စပ်ဂိတ်ကို ပိတ်ထားလိုက်တာကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ကမ်ပိုင်တီ ကားလမ်းတလျှောက်မှာ တရုတ်ကုန်ပစ္စည်း တင်သွင်းမှု ရပ်တန့်နေတယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
ဒီကနေ့ဖြစ်ပွားတဲ့ ကချင်ဒေသက စစ်ပွဲအခြေအနေ၊ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ စစ်ပြေးအခြေအနေ နယ်စပ်လုံခြုံရေး အနေထားတွေနဲ့ ပတ်သက်ပြီး ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )