အဆိုတော် ချစ်သုဝေနှင့် တေးရေးအဆိုတော် လင်းလင်းတို့၏ နှစ်ယောက်တွဲ တေးစီးရီးအား ယခုနှစ် အတွင်းထွက်ရှိရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။ ယင်းတေး စီးရီးကို စတင် အသံဖမ်းယူလျက်ရှိပြီး စီးရီး၏ သုံးပုံနှစ်ပုံခန့် ပြီးစီးပြီဖြစ်သည် ဟုသိရှိရသည်။
“ကိုလင်းနဲ့ ထရီဇာတို့အခွေလေးက တော်တော်လေးတော့ ခရီး ရောက်နေပြီလို့ ပြောလို့ရပါတယ်။ တချို့သီချင်းတွေကျတော့လည်း ထရီဇာကမကြိုက်လို့ အသံပြန်သွင်းရမှာနဲ့၊ ကိုလင်းကမကြိုက်လို့ အသံပြန် သွင်းရမှာနဲ့ဆိုတော့ လုပ်ရမှာလေးတွေက ကျန်ပါသေးတယ်။ အမှတ်တရ စီစဉ်တာလည်း ဖြစ်နေတော့ ပြီးစလွယ် မဖြစ်စေချင်ဘူး။ ဒီနှစ်ထဲတော့ အပြီးထွက်နိုင်အောင် ကြိုးစားသွားမှာပါ။ တစ်ကိုယ်တော် ဗီစီဒီခွေလေး ကို အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုအခွေမှာလည်း စောင့်ရကျိုးနပ်အောင် ကြိုးစားသွားမှာပါ” ဟု ချစ်သုဝေက ရှင်းပြခဲ့သည်။ ယင်းနှစ်ယောက်တွဲ တေးစီးရီးတွင်ပါဝင်မည့် တေးသီချင်း အများစုကို လင်းလင်းက ရေးသားထားသည်ဟု သိရှိရသည်။
2:28 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com