22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 27, 2012

လူမျိုးရောထွေးမှုများ မဖြစ်ပေါ်စေရန် တိုင်းရင်းသား မျိုးနွယ်စုကြီး ရှစ်စုမှ မွေးဖွားလာသည့် မွေးရာပါ နိုင်ငံသားများအတွက် အခမဲ့သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးမည့် မိုးပွင့်စီမံကိန်းကို ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်စတင်မည်

လူမျိုးရောထွေးမှုများ မဖြစ်ပေါ်စေရန် တိုင်းရင်းသား မျိုးနွယ်စုကြီး ရှစ်စုမှ မွေးဖွားလာသည့် မွေးရာပါ နိုင်ငံသားများအတွက်သာ ကွင်းဆင်းကာ အခမဲ့သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးမည့် မိုးပွင့်စီမံကိန်းကို ဇွန်လ ၁ ရက်နေ့ တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မိုးပွင့်စီမံကိန်းအဆင့်  ၁ ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ကနေ အောက်တိုဘာလ ၃၁ ရက် နေ့အထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခဲ့တာ ပထမ လေးလမှာ နိုင်ငံသား စိစစ်ရေးကတ် ၁၄၀၀၀၀ ကျော်၊ သန်းခေါင်စာရင်း ၁၈၀၀၀ ကျော်ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ အဲဒီလေးလပြီးတော့ နှစ်လနားပါတယ်။ မိုးပွင့်အဆင့် ၂ ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ် လ ၃၁ ရက်နေ့အထိ လုပ်ခဲ့ပါတယ်။ အခုနားနေတာ နှစ်လပြည့်ပါပြီ။ အခု မိုးပွင့်အဆင့်သုံးကို ဇွန်လ ၁ ရက် နေ့မှာ ပြန်လည် စတင်ပါမယ်။ ကွင်းဆင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “မိုးပွင့် စီမံချက်အရ နိုင်ငံသားအဖြစ်အသိ အမှတ်ပြုတဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံသားနှစ်မျိုး ရှိပါတယ်။ တစ်မျိုးက မွေးရာပါနိုင်ငံသားပါ။ မွေးရာပါနိုင်ငံသား ဆုံးဖြတ်တဲ့အခါ မှာ လူမျိုးဘာသာ အပေါ်မှာ အခြေခံတာ မဟုတ်ဘဲ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တာပါ။ ဒီဥပဒေပုဒ်မ ၃အရ မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ နယ်နမိတ်အတွင်း မျိုးနွယ်စုကြီးရှစ်ခု (ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန် မာ၊ မွန်၊ ရခိုင်)တို့မှ ပေါက်ဖွားလာတဲ့ ပုဂ္ဂိုလ်တွေသည် မွေးရာပါနိုင်ငံ သား ဖြစ်သည်လို့ပြောထားပါတယ်။ ပုဒ်မ ၅က အဲဒီနိုင်ငံသားမိဘနှစ်ပါး က မွေးတဲ့သူတွေသည် မွေးရာပါနိုင်ငံ သားဖြစ်ပါတယ်။ အခုကျွန်တော်တို့ လုပ်ပေးတဲ့ မိုးပွင့်သည် မွေးရာပါ နိုင်ငံသားတွေကို လုပ်ပေးတဲ့စနစ် ဖြစ်ပါတယ်။ နောက်နိုင်ငံသားတစ်မျိုးက ဥပဒေအရဆုံးဖြတ်တဲ့ နိုင်ငံသားပါ။ သူတို့က မွေးရာပါနိုင်ငံသား မဟုတ်ပါဘူး။ နိုင်ငံသားဖြစ်ချင်လို့ လျှောက်ရင်းနဲ့ သတ်မှတ်တဲ့ Criterial နဲ့ညီလို့ အဆင့်ဆင့်ဥပဒေအရ ဖြစ်လာတဲ့ နိုင်ငံသားမျိုးပါ။ အခုမိုးပွင့် မှာ အဲဒီလိုပုဂ္ဂိုလ်မျိုးကို လုပ်မပေးပါဘူး”ဟု ပြောကြား ခဲ့သည်။
ထို့အပြင် “မြန်မာနိုင်ငံရဲ့တည်နေရာ အနေအထားအရ အားလုံးသိတဲ့အတိုင်း တစ်ဖက်မှာ အင်အားသန်း ၁၂၀၀လောက် ရှိတဲ့နိုင်ငံ၊ တစ်ဖက် မှာအင်အား ၁၃၀၀ လောက်ရှိတဲ့နိုင်ငံ၊ အနောက်မှာ သန်း ၁၃၀ လောက်ရှိ တဲ့ နိုင်ငံနဲ့ကပ်နေတဲ့နိုင်ငံပါ။ အဲဒီနိုင်ငံတွေမှာရှိနေတဲ့ လူမျိုးစုတွေက ကျွန်တော်တို့လူမျိုးစုတွေနဲ့ ပုံသဏ္ဌာန်၊ ဘာသာတရားနဲ့ ဓလေ့ထုံးစံတွေ တူတာများတယ်။ မြေပြင်မှာ လူဦးရေ ရောထွေးမှုဟာ အမှန်တစ်ကယ်ဖြစ်ပွား နေပါတယ်။ အထူးသဖြင့်က မြန်မာပြည်အနောက်ဘက်ခြမ်း ရခိုင်ဒေသမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေပါ။ ကျွန်တော်တို့နိုင်ငံမှာနေတဲ့ ဘင်ဂါလီလူမျိုးများကို ကာကွယ်တားဆီးရန် မလိုအပ်သော်လည်း နီးစပ်မှုရှိနေတဲ့ လူတွေက အမှန်တစ်ကယ် ရောထွေးမှုတွေက အမှန်တစ်ကယ် ရှိနေတဲ့ အတွက်ကြောင့် သူတို့နဲ့ပတ်သက်ပြီး သွားလာတာတွေက ကျွန်တော်တို့ နိုင်ငံထဲမှာ လုံခြုံရေးကိစ္စများ အပါအ၀င် အခြားလူမျိုးရေး ကိစ္စများ ကျူးလွန်ဖောက်ဖျက်မှုမရှိအောင် တားဆီးတဲ့လုပ်ငန်းများ ဆောင်ရွက်ရပါတယ်” ဟုပြောကြားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )