22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ဂွမ်ဂျူးအား ဒုတိယအကြိမ် ရှုံးနိမ့်အပြီး ယူ-၂၂ အသင်း၌ ဒဏ်ရာရ ကစားသမား ပိုမိုများပြားလာ

တောင်ကိုရီးယားရောက် မြန်မာ ယူ-၂၂အသင်းသည် ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် ကေလိဂ်ကလပ် ဂွမ်ဂျူးအက်ဖ်စီနှင့် ပွဲစဉ်တွင် (၂-၁)ဂိုးဖြင့် အရေးနိမ့်ခဲ့ကြောင်း သိရကာ အဆိုပါ ပွဲစဉ်တွင် အဓိက ကစားသမား အချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ဂွမ်ဂျူးအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ကစားခဲ့သည့် ပွဲစဉ်တွင် ယူ-၂၂ အသင်းအား (၃-၀)ဖြင့် ဂိုးပြတ် အနိုင်ရထားသည့် အသင်းဖြစ်ပြီး ယနေ့ပွဲစဉ်တွင် နည်းပြကြီး ပတ်ဆောင်ဟွာ အနေဖြင့် အဓိက ကစားသမား အများစုဖြင့် ပွဲထွက်ခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်တွင် ကျော်ကိုကိုနှင့် ကောင်းစည်သူအား တွဲကစားစေခဲ့ကာ ကွင်းလယ်တွင် သက်နိုင်၊ ဖြိုးကိုကိုသိန်း၊ ဇော်လင်း၊ မျိုးဇော်ဦးတို့ဖြင့် ပွဲထွက်ခဲ့သည်။ နောက်တန်းတွင် အောင်ဟိန်းကျော်၊ ရဲဇော်ထက်အောင်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ ပါဝင်ခဲ့ပြီး ဂိုးသမားအဖြစ် ကျော်ဇင်ဖြိုးက နေရာယူခဲ့သည်။

ဂွမ်ဂျူး အသင်းသည် ယနေ့ပွဲစဉ်တွင် အဓိက ကစားသမား အချို့အား အနားပေးထားခဲ့ပြီး မြန်မာယူ-၂၂ အသင်းအား ထိန်းချုပ် ကစားရန် ကြိုးပမ်းခဲ့သည်။ မြန်မာအသင်း ကလည်း ကောင်းစည်သူ၊ ကျော်ကိုကို၊ သိန်းသန်းဝင်း၊ သက်နိုင်၊ မျိုးဇော်ဦး တို့၏ ထိုးဖောက်မှုများဖြင့် တစ်ဖက် နောက်တန်းအား ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ ဂွမ်ဂျူးအသင်းအတွက် ဦးဆောင်ဂိုးအား ပွဲချိန် (၁၈)မိနစ်တွင် ရရှိခဲ့ပြီး (၄၄)မိနစ်တွင် ကောင်းစည်သူက တန်ပြန် တိုက်စစ်မှ တစ်ဆင့် သက်နိုင်၏ ဖြတ်တင်ဘောအား အပိုင် ခေါင်းတိုက်ကာ ပြန်လည် ချေပနိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်းတွင် (၁-၁)သရေဖြင့် ပြီးဆုံးခဲ့သည်။



မြန်မာအသင်းအား ဂိုးပေးလိုက်ရသဖြင့် ဒုတိယပိုင်းတွင် ဂွမ်ဂျူးအသင်း ပိုမို ထိုးစစ်ဆင် ကစားလာခဲ့ကာ (၄၈)မိနစ်တွင်ပင် နောက်တစ်ကြိမ် ဦးဆောင်ဂိုး ရရှိခဲ့ပြန်သည်။ ယင်းဂိုးအား ဂွမ်ဂျူး တိုက်စစ်မှူးက ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်ကာ နောက်ထပ် ဂိုးများ ရရှိရန် ကြိုးပမ်းခဲ့သည်။ ထို့နောက် (၇၁)မိနစ်တွင် ဂွမ်ဂျူးအသင်းက ပင်နယ်တီ ကန်ခွင့်တစ်ကြိမ် ရရှိခဲ့ပြီး ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့၍ သက်သာခဲ့သည်။ ယင်း ပင်နယ်တီ ကာကွယ်ရာတွင် ကျော်ဇင်ဖြိုး ဒဏ်ရာရရှိခဲ့၍ ပြည့်ဖြိုးအောင်နှင့် လူစားလဲခဲ့ရသည်။ ထို့နောက်တွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးထပ်မသွင်းတော့ဘဲ ပွဲပြီးဆုံးခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် တောင်ကိုရီးယား လေ့ကျင့်မှု ခရီးစဉ်တွင် နည်းပြချုပ် ပတ်ဆောင်ဟွာ၏ အပြင်းအထန် လေ့ကျင့်မှုများကြောင့် ပါဝါ၊ မြန်နှုန်း၊ ကြံ့ခိုင်မှုနှင့် ကစားပုံများ တိုးတက် ကောင်းမွန်လာခဲ့ သော်လည်း ယနေ့ ဂွမ်ဂျူးနှင့် ပွဲစဉ်တွင် ကစားသမား အချို့ ဒဏ်ရာ ရရှိမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဂိုးသမား ကျော်ဇင်ဖြိုး အပြင် အဓိက ကစားသမားများ ဖြစ်ကြသည့် ဇော်လင်း၊ ဇော်မင်းထွန်း၊ သက်နိုင်နှင့် နောက်ခံလူ ဇော်မင်းထွန်းတို့ ဒဏ်ရာများ ကိုယ်စီ ရရှိခဲ့ကြောင်း သိရသည်။ စိုးမြတ်သူနှင့် နန္ဒကျော်တို့မှာလည်း ကြံ့ခိုင်မှု မပြည့်ဝ၍ ဆေးကုသမှုများ ခံယူရလျက် ရှိကာ ယနေ့ ပွဲစဉ်အပြီးတွင် ဇော်မင်းထွန်း၊ သက်နိုင်၊ ကျော်ဇင်ဖြိုးတို့အား အထူးကုနှင့် သွားရောက် ပြသခဲ့ရသည်ဟု သိရသည်။ အထူးကု ဆရာဝန်၏ အဆိုအရ ဇော်မင်းထွန်း၏ ဒူးဒဏ်ရာမှာ အနည်းငယ် ပြင်းထန်ပုံ ရကြောင်း သိရပြီး MRI ရိုက်ရန် အကြံပြု ညွှန်ကြားထားကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )