မိမိတို့ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်၏ အရှိန်အ၀ါကို ရှေ့လျှောက် ကြောက်ရွံ့နေစရာ မလိုတော့ဟု မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက ပြောကြားလိုက်သည်။
စပိန် လက်ရွေးစင် ကွင်းလယ်လူက ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်ယူကို နှစ်ကျော့လုံး အနိုင် ကစားခဲ့သလို ချန်ပီယံဆုနှင့် လက်တစ်ကမ်း အလိုထိ ရောက်လာအောင် စွမ်းဆောင် ပြခဲ့သည့်နောက် ၎င်းတို့သည် မြို့ခံပြိုင်ဘက်ကို အောက်ကျို့ နောက်ရွံ့နေရန် အကြောင်း မရှိတော့ဟု ပြောဆိုသွားသည်။ ဆေးလ်ဗားက "ခုချိန်မှာ ကျွန်တော်တို့ဟာ မန်ယူအကြောင်း စဉ်းစားနေဖို့ မလိုတော့ပါဘူး။ ကျွန်တော်တို့ဟာ လိုအပ်တဲ့ စိတ်ဓာတ်ရေးရာ အဆင့် တစ်ခုကို ဖြတ်ကျော်ခဲ့ပါပြီ။ ကျွန်တော်တို့ ချန်ပီယံ ဆုကို ရယူဖို့ အဆင်သင့် ဖြစ်နေပြီ။ မန်ယူအကြောင်း အာရုံစိုက်ဖို့ မလိုဘဲ ကိုယ့်အတွက်ပဲကိုယ် အာရုံ စိုက်ရုံပါ။ ကျွန်တော်တို့ဟာ သူတို့ကို အိမ်ကွင်းရော၊ အဝေးကွင်းပါ နိုင်ခဲ့ပါတယ်" ဟု ပြောကြားသွားသည်။
၎င်းက "မန်ယူဟာ အသင်းကောင်း တစ်ခုပါ။ တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ ချန်ပီယံ ဆုကို ခဏခဏ ရယူထား နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် ထပ်ပြောပါမယ်။ ကျွန်တော်တို့ သူတို့ကို အိမ်ကွင်းမှာ နိုင်ခဲ့ပါတယ်။ နောက်ပြီး အဝေး ကွင်းမှာလည်း နိုင်ခဲ့တယ်"ဟု ဆက်လက် ပြောဆိုခဲ့သည်။ မန်စီးတီးသည် အစ်တီဟတ်တွင် မန်ယူကို (၁-၀)ဖြင့် အနိုင် ရခဲ့ပြီးနောက် အမှတ်ပေး ဇယားကို ဂိုးကွာခြားချက် အသာဖြင့် ဦးဆောင်နေပြီ ဖြစ်သည်။ ဆေးလ်ဗားက အိုးလ်ထရက်ဖို့ဒ်တွင် မန်ယူကို (၆-၁)ဖြင့် အနိုင် ရခဲ့ပြီးကတည်းက အသင်းသည် ယုံကြည်ချက် ပိုမို တိုးပွား လာကြောင်းလည်း ဖွင့်ဟခဲ့သည်။
ခုချိန်မှာ ကျွန်တော်တို့ဟာ မန်ယူအကြောင်း စဉ်းစားနေဖို့ မလိုတော့ပါဘူး။ ကျွန်တော်တို့ဟာ လိုအပ်တဲ့ စိတ်ဓာတ်ရေးရာ အဆင့် တစ်ခုကို ဖြတ်ကျော်ခဲ့ပါပြီ...
"ဒါဟာ ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်ရေးရာ အရ ကျွန်တော်တို့ဟာ သူတို့ကို နိုင်တယ်ဆိုတာ သေချာ သိလာခဲ့တယ်။ ဒီယုံကြည်ချက်ကို ကိုင်ဆွဲပြီး ပရီးမီးယားလိဂ် လက်ကျန် ပွဲတွေကိုလည်း ကျွန်တော်တို့ ကြိုးစား ဖြတ်သန်းရမှာပါ" ဟု ဆေးလ်ဗားက သုံးသပ် ပြောဆိုသွားခဲ့သည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com