22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

နှစ်သိန်းဖုန်း အင်တာနက်များ တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း လျှောက်ထားနိုင်


ရန်ကုန်၊ မေ ၃
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ချထားပေးသည့် နှစ်သိန်း GSM ဖုန်း အင်တာနက်လိုင်းများကို မေလ ၇ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောကြားသည်။

အဆိုပါနေ့တွင် မြန်မာနိုင်ငံတွင်းရှိ ရောင်းချပေးထားပြီး ဖြစ်သည့် ယခင် ကျပ် ၁၅ သိန်း၊ ၅ သိန်း GSM ဖုန်းများ၊ WCDMA ဖုန်းများလည်း အင်တာနက်လိုင်း လျှောက်ထားနိုင်မည် ဖြစ်ပြီး မည်သည့်နေရာတွင် လျှောက်ထားရမည် ကိုမူ ဆက်သွယ်ရေးဝန်ကြီးဆီမှ အတိအကျ မသိရသေးဘဲ ယင်းနေ့မတိုင်မီ Sky Net ရုပ်သံတွင် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

E-lite နှင့် ရတနာပုံ တယ်လီပို့၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးများတွင် လျှောက်ထားရဖွယ် ရှိကြောင်း မိုဘိုင်းလ်ဖုန်း အင်ဂျင်နီယာချုပ်က ခန့်မှန်း ပြောကြားသည်။
 
 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )