22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

ဟော့ဂ်ဆန် အနေဖြင့် အင်္ဂလန် မန်နေဂျာ ရာထူးတွင် ရုန်းကန် ရနိုင်ကြောင်း ကာပယ်လို မှတ်ချက်ပြု

အင်္ဂလန် အသင်း၏ မန်နေဂျာ ရာထူးတွင် ရွိုင်ဟော့ဂ်ဆန် အနေဖြင့် ရုန်းကန်ရဖွယ် ရှိနေကြောင်း ဖေဘီယို ကာပယ်လိုက မှတ်ချက် ပြုခဲ့သည်။

အင်္ဂလန် အသင်း မန်နေဂျာ ရာထူးကို စွန့်ခွာသွားသည့် အီတလီသား မန်နေဂျာကြီးက ၎င်း၏နေရာကို ဆက်ခံသော ဟော့ဂ်ဆန်သည် (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလားတွင် အခက်အခဲများစွာ ကြုံလာ ရနိုင်သည်ဟု ကြိုတင် သတိပေးလိုက်သည်။ ကာပယ်လိုသည် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ရာထူးနေရာကို ဂျွန်တယ်ရီအား ခန့်အပ်ရေး၊ မအပ်ရေး အတွက် FA နှင့် အချင်းများကာ ရာထူးကို စွန့်ခွာသွားခြင်း ဖြစ်သည်။ ဟော့ဂ်ဆန်သည် ဥရောပ ဖလား ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်ချိန် သီတင်း(၃)ပတ်မျှသာ ရခဲ့ပြီး ထို့နောက်တွင် ၎င်း၏ (၂၃)ဦး စာရင်းကို UEFA ထံ တင်သွင်းရမည်ဖြစ်သည်။
အင်္ဂလန် မန်နေဂျာ နေရာတွင် ဆက်ခံလိုက်သည့် ဟော့ဂ်ဆန်

အင်္ဂလန်သည် ဇွန်လ(၁၁)ရက်နေ့တွင် ပြင်သစ်နှင့် အုပ်စုပွဲစဉ်ကို စတင် ရင်ဆိုင်ရမည် ဖြစ်သည်။ ကာပယ်လိုက “ဒါဟာ မလွယ်ကူတဲ့ အနေအထားပါ။ ဒီအခြေအနေမှာ တစ်ခုခုကို ဖန်တီးပြဖို့ ဆိုတာ ခက်ခဲ လွန်းပါတယ်။ မန်နေဂျာ တစ်ယောက်ဟာ သိပ်ကို တိုတောင်းတဲ့ အချိန် တစ်ခုမှာ ဘာကို လုပ်ပြနိုင်မှာလဲ။ မန်နေဂျာ တစ်ယောက်ရဲ့ တာဝန်မှာ အသင်းစိတ်ဓာတ်၊ အနိုင် ရချင်တဲ့ စိတ်ဓာတ်တွေကို ရိုက်သွင်းပေးရတာလည်း ပါနေပါတယ်။ ဒီလို အချိန်တိုမှာတော့ ဟော့ဂ်ဆန်အတွက် အရမ်း ခက်မှာပါ” ဟု မှတ်ချက် ပြုခဲ့သည်။ ကာပယ်လိုက ဟော့ဂ်ဆန်သည် (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလားကထက် ပိုကောင်းသော အင်္ဂလန် အသင်းကို ကိုင်တွယ်ခွင့် ရခဲ့ခြင်း ဟူ၍မူ ထည့်သွင်း ပြောဆိုသွားသည်။

“ဟော့ဂ်ဆန်ကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူအီတလီမှာ နည်းပြ လာလုပ်ကတည်းကပါ။ သူဟာ ထူးချွန်ပြီး အတွေ့အကြုံ ကြွယ်ဝသူ တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော် အင်္ဂလန် အတွက် လုပ်ပေး ခဲ့တာတွေကို ကျေနပ်ပါတယ်။ ဟော့ဂ်ဆန် အတွက်လည်း (၂၀၁၀)ကထက် ပိုကောင်းတဲ့ အသင်းကို ပိုင်ဆိုင် လာတာပါ။ သူတို့ဟာ ဥရောပ ဖလားမှာ အကောင်းဆုံး အသင်းတစ်ခု ဖြစ်ဖို့ မျှော်လင့်ပါတယ်။ အင်္ဂလန်မှာလည်း ကျွန်တော် လုပ်ခဲ့တာတွေ အတွက် ပရိသတ်က အသိအမှတ် ပြုနေမယ်လို့ ထင်ပါတယ်” ဟု ကာပယ်လိုက ပြောကြားသွားခဲ့သည်။
Ref: The Sun

မန်နေဂျာ တစ်ယောက်ရဲ့ တာဝန်မှာ အသင်းစိတ်ဓာတ်၊ အနိုင်ရချင်တဲ့ စိတ်ဓာတ်တွေကို ရိုက်သွင်းပေးရတာလည်း ပါနေပါတယ်။ ဒီလို အချိန်တိုမှာတော့ ဟော့ဂ်ဆန်အတွက် အရမ်းခက်မှာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )