22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

စပါးထက် ဘာစီလိုနာသို့သာ ဗာတိုဂန် ပြောင်းသင့်ဟု အေဂျက်စ်နည်းပြ တိုက်တွန်း

အကယ်၍ ဂျန်ဗာတိုဂန်သာ အသင်းပြောင်းမည် ဆိုလျှင် တော့တင်ဟမ် ဟော့စပါးနှင့် အာဆင်နယ်တို့ကို ငြင်းပယ်ကာ ဘာစီလိုနာသို့ ဦးတည်သင့်ကြောင်း အေဂျက်စ် အမ်စတာဒမ် နည်းပြ ဖရန့်ဒီဘိုးဝါးက တိုက်တွန်းလိုက်သည်။

စွယ်စုံရ ဘယ်လ်ဂျီယံ လက်ရွေးစင် ခံစစ်မှူးသည် နွေရာသီတွင် အေဂျက်စ်ကို စွန့်ခွာရန် ပြင်ဆင်လျှက် ရှိနေသည်။ ၎င်းကို အင်္ဂလန် ပရီးမီးယားလိဂ်မှ လန်ဒန်မြို့ခံ ပြိုင်ဘက် နှစ်သင်းက အပြိုင် ချိတ်ဆက်နေသည်။ အစောပိုင်းက The Sun သတင်းစာတွင် ဗာတိုဂန်သည် စပါးနှင့် စာချုပ်ဖြစ်ရန် အလွန် နီးစပ်နေပြီဟု ဖော်ပြခဲ့သည်။ ဗာတိုဂန်ကို အခြားသော အင်္ဂလန် ကလပ်များ ဖြစ်သည့် တော့တင်ဟမ် ဟော့စပါး၊ နယူးကာဆယ်လ် ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားလျှက် ရှိနေကြသည်။

ဒီဘိုးဝါးကမူ အသက်(၂၅)နှစ်ရှိ ဗာတိုဂန်သည် တက်လမ်းအတွက် စပိန်မြေကို ရွေးချယ်သင့်ကြောင်း အကြံပြုခဲ့သည်။ ကိုယ်တိုင်လည်း ဘာစီလိုနာ ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးသည့် နယ်သာလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒီဘိုးဝါးက “ကျွန်တော်ကတော့ ဗာတိုဂန်ဟာ ဘာစီလိုနာကိုပဲ ပြောင်းမယ်လို့ မျှော်လင့်တယ်။ စပါးဟာ အသင်းကောင်း တစ်ခုပါ။ ဒါပေမဲ့ ဗာတိုဂန်ဟာ ဘာစီလိုနာနဲ့ လုံးဝ သင့်တော် ပြည့်စုံပါလိမ့်မယ်” ဟု ထောက်ခံသွားသည်။ စပါးမန်နေဂျာ ဟယ်ရီရက်နပ်က ဗဟို ခံစစ်မှူး၊ ဘယ်နောက်ခံလူနှင့် ကွင်းလယ် နေရာများတွင် ကစားတတ်သည့် ဗာတိုဂန်အား အလိုရှိကြောင်း ၀န်ခံခဲ့ပြီးနောက် ဒီဘိုးဝါးက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်ကတော့ ဗာတိုဂန်ဟာ ဘာစီလိုနာကိုပဲ ပြောင်းမယ်လို့ မျှော်လင့်တယ်။ စပါးဟာ အသင်းကောင်း တစ်ခုပါ။ ဒါပေမဲ့ ဗာတိုဂန်ဟာ ဘာစီလိုနာနဲ့ လုံးဝ သင့်တော် ပြည့်စုံပါလိမ့်မယ်...
ပေါင်စတာလင် (၇)သန်းမျှ ပေါက်ဈေးရှိသည့် ကစားသမားနှင့် ပတ်သက်ပြီး ရက်နပ်က “ဗာတိုဂန်ဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော် သူ့ကို စောင့်ကြည့်နေခဲ့ပါတယ်။ ဗာတိုဂန်ကို စိတ်ဝင်စား နေတဲ့ ကလပ် အသင်းတွေ အများကြီး ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဗာတိုဂန်ကို အသင်းရဲ့ တခြားပစ်မှတ် ကစားသမားတွေလိုပဲ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )