နယူးကာဆယ်လ် ယူနိုက်တက်နှင့် ပွဲစဉ်မတိုင်မီ မန်ချက်စတာ စီးတီး အသင်းမှ မာရီယို ဘာလော့တယ်လီနှင့် မီကာရစ်ချတ်တို့ နှစ်ဦးသည် အချင်းချင်း ပြေလည်မှု ရရှိနေပြီ ဖြစ်သည်။
ဒီဇင်ဘာလက ထိုနှစ်ဦးကို မန်စီးတီး အသင်းဖော်များက လေ့ကျင့်ရေးကွင်းတွင် အသည်းအသန် လူချင်းခွဲခဲ့ရဖူးသည်။ အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ရစ်ချတ်နှင့် အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘာလော့တယ်လီတို့သည် လေ့ကျင့်ရေး ကွင်းတွင် ခိုက်ရန် ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် လက်ကျန် (၂)ပွဲတွင် အဆုံးအဖြတ် ခံယူရတော့မည့် မန်စီးတီး အသင်းအတွက် ကစားသမား နှစ်ဦး ပြန်လည် စုပေါင်းကာ အတူတကွ ရင်းရင်းနှီးနှီး လေ့ကျင့်နေပြီ ဖြစ်သည်။
အဆင်ပြေ သင့်မြတ်သွားသည့် ရစ်ချက်နှင့် ဘာလော့တယ်လီ
ဘာလော့တယ်လီသည် ကာရင်တန်ရှိ လေ့ကျင့်ရေးကွင်းတွင် ကြာသပတေးနေ့က အတန်ငယ် မရွှင်မလန်း ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းသည် Free Kick လုကန်သဖြင့် အချင်းများခဲ့ရဖူးသူ အလက်ဇန္ဒား ကိုလာရော့ဗ်နှင့် စကားစမြည် ပြောဆို နေခဲ့သည်။ ထိုအချိန်တွင် ရစ်ချတ်က ဘာလော့တယ်လီအား လေ့ကျင့်ရန် လာရောက် လက်ကမ်း ထူမ ခေါ်ယူ သွားခဲ့ကြောင်း တွေ့ရှိရသည်။ ထို့အပြင် ဘာလော့တယ်လီနှင့် ရစ်ချတ်တို့မှာ ခင်ခင်မင်မင် ဖက်လှဲတကင်း နှုတ်ဆက်နေခဲ့ကြသည်။
ဘာလော့တယ်လီသည် မန်စီးတီး ကစားသမား ဘ၀ တစ်လျှောက်လုံး အသင်းဖော်အချို့နှင့် ပြဿနာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ချန်ပီယံ ဆုအတွက် အရေးကြီးချိန်တွင် အသင်း စိတ်ဓာတ်ကို အကောင်းဆုံး ပြသ လာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
ရစ်ချတ်က ဘာလော့တယ်လီအား လေ့ကျင့်ရန် လာရောက် လက်ကမ်း ထူမ ခေါ်ယူ သွားခဲ့ကြောင်း တွေ့ရှိရ...
6:28 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com