22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

ရော်နယ်လ်ဒို လက်သစ်အား ခေါ်ယူရန် အန်ဒါဆန်အား မန်ယူ ရောင်းထုတ်ဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ခရစ္စတီယာနို ရော်နယ်လ်ဒို လက်သစ်ဟု နာမည် ကြီးနေသည့် ပေါ်တို တောင်ပံလူ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်အား ခေါ်ယူရေး အတွက် အန်ဒါဆန်ကို ရောင်းထုတ် လာနိုင်ကြောင်း သိရသည်။

အင်္ဂလန် ချန်ပီယံ အသင်းသည် ရိုဒရီဂွတ်ဇ်အတွက် ပေါင်စတာလင် (၂၅)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရေး အတွက် ချိန်ဆ စဉ်းစားလျှက် ရှိသည်။ စိတ်လှုပ်ရှားဖွယ် ပါရမီနှင့် တောက်ပသော ခြေစွမ်းကို ပြသနေသည့် ကိုလံဘီယာ လူငယ်လေးကို ပေါ်တူဂီ ဘောလုံးပရိသတ်က ရော်နယ်လ်ဒို လက်သစ်အဖြစ် ညွှန်းဆိုခဲ့ကြသည်။ ၎င်းကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်သို့ သွားရောက်ရမည် ဆိုလျှင် ယင်းအခွင့်အရေးကို မည်သို့မျှ ငြင်းဆန်နိုင်မည် မဟုတ်ဟု အသက်(၂၀) အရွယ်ရှိ ရိုဒရီဂွတ်ဇ်က ဖွင့်ဟ ပြောကြား ထားခဲ့သည်။
ရော်နယ်လ်ဒို လက်သစ်ဟု တင်စားခံရသူ ရိုဒရီဂွတ်ဇ်

မန်ချက်စတာ ညနေခင်း သတင်းစာက နွေရာသီ ဈေးကွက်တွင် ပစ်မှတ် အများအပြားကို ချိန်ရွယ်ထားသော ဖာဂူဆန် အနေဖြင့် အသင်းမှ ဘရာဇီးလ် လက်ရွေးစင် အန်ဒါဆန်ကို ရောင်းထုတ်ကာ ရိုဒရီဂွတ်ဇ် အတွက် အသုံးပြုမည့် ငွေသားအတွက် ဖြည့်တင်းဖွယ် ရှိနေကြောင်း ဖော်ပြသွားသည်။ အသက်(၂၄)နှစ် ရှိပြီဖြစ်ပြီး (၂၀၀၇)ခုနှစ်က မန်ယူသို့ ပေါ်တိုမှ ပေါင်စတာလင် (၁၈)သန်းဖြင့် ပြောင်းရွှေ့လာသော အန်ဒါဆန်သည် ဒူးဒဏ်ရာကြောင့် ယခုရာသီ မန်ယူအတွက် (၁၁)ပွဲသာ ပွဲထွက် နိုင်ခဲ့သည်။

ရိုဒရီဂွတ်ဇ်သည် လွန်ခဲ့သော (၂)နှစ်က အက်သလက်တီကို ဘန်းဖီးလ် အသင်းမှ ပေါ်တိုသို့ ပြောင်းရွှေ့ လာခဲ့သည်။ ၎င်းသည် ပေါ်တိုအတွက် (၆၆)ပွဲ ကစားကာ (၁၉)ဂိုး သွင်းယူ ပေးထားခဲ့ပြီး ဖြစ်သည်။
Ref: Daily Mail
စိတ်လှုပ်ရှားဖွယ် ပါရမီနှင့် တောက်ပသော ခြေစွမ်းကို ပြသနေသည့် ကိုလံဘီယာ လူငယ်လေးကို ပေါ်တူဂီ ဘောလုံးပရိသတ်က ရော်နယ်လ်ဒို လက်သစ်အဖြစ် ညွှန်းဆိုခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )