မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီ၏ မန်ချက်စတာ စီးတီးဘက်သို့ သွင်းယူသော ဂိုးသည် ပရီးမီးယား လိဂ်၏ နှစ်ပေါင်း(၂၀) သမိုင်းတစ်လျှောက် အလှဆုံး ဂိုးအဖြစ် မဲပေး ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ပြီးခဲ့သည့် ဘောလုံး ရာသီက အိုးလ်ထရက်ဖို့ဒ်တွင် မန်စီးတီးဘက် သွင်းယူသော အနိုင်ဂိုးကို အလှဆုံး သွင်းဂိုးအဖြစ် ပရိသတ် (၂၆)ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်။ နှစ်ပေါင်း(၂၀)ကြာ သက်တမ်း ရှည်ကြာခဲ့သည့် ပရီးမီးယားလိဂ် သမိုင်းတွင် (၂၀၁၁)ခုနှစ်၊ ဖေဖော်ဝါရီလက ရွန်နီ၏ နာမည်ကျော် နောက်ပြန် ဂိုးသွင်းချက်မှာ လူကြိုက် အများဆုံး ဖြစ်လာခဲ့ခြင်းဟု သိရသည်။ လူးဝစ်နာနီ ကန်တင်ပေးလိုက်သော ဘောလုံးကို ရွန်နီက နောက်ပြန် Bicycle Kick ဖြင့် ကန်ကာ မန်စီးတီးဘက်သို့ အနိုင်ဂိုးကို သွင်းယူခဲ့ခြင်း ဖြစ်သည်။
အသက်(၂၆)နှစ်ရှိ ရွန်နီက “ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး ဂိုးအဖြစ် ကျွန်တော့်ဂိုးကို မဲပေး ရွေးချယ်ခဲ့ကြတယ်ဆိုတာ ကြားရတဲ့ အခါ အရမ်းကို ကောင်းမွန်ပြည့်စုံတဲ့ ခံစားမှုမျိုး ရလာခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဂုဏ်ပြုမှု တစ်ခုပါ။ ကျွန်တော့်ကို ထောက်ခံ မဲပေးခဲ့ကြသူ ပရိသတ် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု ပြောကြားသွားသည်။ ပရိသတ် မဲပေးမှု အရ အလှဆုံးဂိုး စာရင်းတွင် အာဆင်နယ် ကစားသမား (၂)ဦး၏ သွင်းဂိုးများက ဒုတိယနှင့် တတိယ နေရာတွင် ရပ်တည်ခဲ့ပြီး ဒင်းနစ်ဘားကမ့် ဂိုးက နံပါတ်(၂)နှင့် သီအာရီအွန်နရီ၏ ဂိုးက နံပါတ်(၃) အသီးသီး ရရှိသွားသည်။
Ref: The Sun
ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး ဂိုးအဖြစ် ကျွန်တော့်ဂိုးကို မဲပေး ရွေးချယ်ခဲ့ကြတယ်ဆိုတာ ကြားရတဲ့အခါ အရမ်းကို ကောင်းမွန်ပြည့်စုံတဲ့ ခံစားမှုမျိုး ရလာခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဂုဏ်ပြုမှု တစ်ခုပါ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com