22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 16, 2012

တီဗက်ဇ်၏ လုပ်ရပ်အပေါ် မန်စီးတီး တောင်းပန်မှုကို မန်ယူလက်ခံ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဆာအဲလက်စ် ဖာဂူဆန် အပေါ် ကားလို့စ် တီဗက်ဇ်၏ စော်ကားမှု အပေါ် မန်ချက်စတာ စီးတီးက ပြန်တောင်းပန်ခြင်းအား လက်ခံ ပေးလိုက်သည်။

မန်စီးတီး အသင်း တိုက်စစ်မှူး တီဗက်ဇ်သည် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အောင်ပွဲခံစဉ် ဆရာဟောင်းဖြစ်သူ ဖာဂူဆန်အား R.I.P Fergie ဆိုသော စာတန်းဖြင့် လှောင်ပြောင် စော်ကားခဲ့သည်။ TVပြကွက်တွင် တီဗက်ဇ်၏ အဆင်ခြင် မဲ့သော လုပ်ရပ်ကို တွေ့ရှိ ခဲ့ရသည့်နောက် မန်စီးတီး အသင်းက ကာယကံရှင် ဖြစ်သော မန်နေဂျာ ဖာဂူဆန်နှင့် မန်ယူ အသင်းတို့အား တလေးတစား ပြန်လည် တောင်းပန်ခဲ့သည်။ ထိုစာတန်းကို မန်စီးတီး ပရိသတ် တစ်ဦးက အသင်း၏ အောင်ပွဲခံ ဘတ်စ်ကားပေါ် ပစ်တင် ပေးခဲ့ဟန် ရှိကြောင်းလည်း သတင်းများက ဆိုသည်။
R.I.P စာတန်းကို ကိုင်ဆောင်ထားသည့် တီဗက်ဇ်

မန်စီးတီး အသင်းသည် ယင်းကိစ္စကို ပြန်တောင်းပန်သလို တီဗက်ဇ်ကလည်း ထိုလုပ်ရပ် အတွက် နောင်တရမိကြောင်း နောက်ပိုင်းတွင် ဖွင့်ဟ ပြောဆိုခဲ့သည်။ မန်ယူ အသင်း၏ အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်က Sky Sportsနှင့် အင်တာဗျူးတွင် "မန်စီးတီးရဲ့ လုပ်ရပ်ဟာ မှန်ကန်ပါတယ်။ ကစားသမားရဲ့ အပြုအမူဟာ မိုက်မဲပြီး အဆင်အခြင် မဲ့လွန်းတယ်။ ဒါပေမဲ့ မန်စီးတီးက ချက်ချင်း အရေးတယူ တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို လက်ခံပြီး တခြား အရေးကြီးတဲ့ ကိစ္စတွေမှာပဲ အာရုံ စိုက်သွားပါမယ်" ဟု ပြောကြားသွားသည်။

မန်စီးတီးရဲ့ လုပ်ရပ်ဟာ မှန်ကန်ပါတယ်။ ကစားသမားရဲ့ အပြုအမူဟာ မိုက်မဲပြီး အဆင်အခြင် မဲ့လွန်းတယ်။ ဒါပေမဲ့ မန်စီးတီးက ချက်ချင်း အရေးတယူ တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို လက်ခံပြီး တခြား အရေးကြီးတဲ့ ကိစ္စတွေမှာပဲ အာရုံ စိုက်သွားပါမယ်...
FAဥက္ကဋ္ဌ ဒေးဗစ် ဘန်စတိန်းကလည်း အာဂျင်တီးနား လက်ရွေးစင် တီဗက်ဇ်၏ လုပ်ရပ်သည် မိုက်မဲသည့် အပြုအမူ တစ်ခုဟု ပြောကြားခဲ့သည်။ "မိုက်မဲတယ် ဆိုတာက လွဲပြီး ကျွန်တော့် အတွက်တော့ ဘာမှ အဓိပ္ပါယ် မရှိဘူး။ ဒါဟာ စိတ်မြန်လက်မြန် လုပ်လိုက်တာ ဖြစ်နိုင်ပါတယ်။ အဲဒီ အချိန်က အရမ်း စိတ်လှုပ်ရှားစရာ ကာလ တစ်ခုလေ။ စိတ်ခံစားမှုက အမြင့်ဆုံး ရောက်နေတယ်။ ဒါကိုတော့ နားလည်ပါတယ်။ ဒါကြောင့် တီဗက်ဇ်ရဲ့ လုပ်ရပ်ဟာ အဆိုးဆုံး တစ်ခုလို့ မပြောချင်ပါဘူး။ ဒါပေမဲ့ FA အနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေကို ပရော်ဖက်ရှင်နယ် ပီပီသသ အမြင်မျိုးပဲ ရှိစေချင်ပါတယ်" ဟု ဘန်စတိန်းက ပြောဆို သွားခဲ့သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )