22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 16, 2012

ဂွာဒီယိုလာ အတွက် ကိုပါဒယ်လ်ရေး ဆုဖလားကို ရယူပေးရန် ဘုရှ်ကွက်စ်က အသင်းဖော် များအား တိုက်တွန်း

ဘာစီလိုနာ အသင်းသည် နည်းပြ ဂျိုးဆက် ဂွာဒီယိုလာ အတွက် ကိုပါဒယ်လ်ရေး ဆုဖလားကို ရယူ ပေးရမည်ဟု ကွင်းလယ်လူ ဆာဂျီယို ဘုရှ်ကွက်စ်က အသင်းဖော် များအား သတိပေး ပြောကြားလိုက်သည်။

လာလီဂါနှင့် ချန်ပီယံလိဂ် ဆုဖလားများကို လက်လွှတ်ခဲ့ရသည့်နောက် ကာတာလန် ထိပ်သီး အသင်းအတွက် ရာသီသိမ်း မျှော်လင့်ချက် ဆုဖလားဟူ၍ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲသာ ကျန်တော့သည်။ မေလ (၂၅)ရက်နေ့တွင် ဘာစီလိုနာသည် အက်သလက်တီကို ဘီလ်ဘာအိုနှင့် ယင်းဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ထိုပွဲသည် နည်းပြ ဂွာဒီယိုလာ၏ ဘာစီလိုနာကို ကိုင်တွယ်သော နောက်ဆုံးပွဲစဉ်လည်း ဖြစ်သည်။ ဘုရှ်ကွက်စ်က "ကျွန်တော်တို့ဟာ ဂွာဒီယိုလာ လက်အောက် ပထမဆုံး ကစားဖူးတဲ့ ဗိုလ်လုပွဲမှာ အက်သလက်တီကို အသင်းကို အနိုင်ရခဲ့ပါတယ်။ ခုချိန်မှာ တူညီတဲ့ အစမ်းသပ် ခံမှု တစ်ခုနဲ့ ပြန်ကြုံလာပါပြီ။ ဂွာဒီယိုလာရဲ့ လက်အောက် နောက်ဆုံးဗိုလ်လုပွဲမှာလည်း ကျွန်တော်တို့ အနိုင်ရဖို့ လိုပါတယ်"ဟု ဆိုသည်။
ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ဘာစီလိုနာ အသင်းသားများ

၎င်းက "ကျွန်တော်တို့ဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကာလတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ ဂွာဒီယိုလာဟာ တကယ့်ကို ထူးချွန်တဲ့ နည်းပြ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အသင်းအတွက် အတွေးအခေါ်သစ် တစ်ခုကို ရိုက်သွင်းပေးနိုင်ပြီး အကောင်းဆုံး ဦးဆောင်ခဲ့သူပါ" ဟုလည်း လမ်းခွဲတော့မည့် ဆရာဖြစ်သူအား ချီးကျူးခဲ့သည်။ ၎င်းက ဂွာဒီယိုလာ မရှိတော့ချိန်တွင် ဘာစီလိုနာအတွက် အခက်အခဲများ ကြုံရနိုင်သည်ဆိုသော ခန့်မှန်းမှုများကိုမူ ငြင်းဆန်သွားသည်။

ကျွန်တော်တို့ဟာ ဂွာဒီယိုလာ လက်အောက် ပထမဆုံး ကစားဖူးတဲ့ ဗိုလ်လုပွဲမှာ အက်သလက်တီကို အသင်းကို အနိုင်ရခဲ့ပါတယ်။ ခုချိန်မှာ တူညီတဲ့ အစမ်းသပ်ခံမှု တစ်ခုနဲ့ ပြန်ကြုံလာပါပြီ။ ဂွာဒီယိုလာရဲ့ လက်အောက် နောက်ဆုံးဗိုလ်လုပွဲမှာလည်း ကျွန်တော်တို့ အနိုင်ရဖို့ လိုပါတယ်...
"ကျွန်တော်တို့မှာ ငယ်ရွယ်နုပျိုတဲ့ အသင်းတစ်ခု ရှိပါတယ်။ ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေလည်း ရှိတယ်။ တစ်ရာသီလုံးမှာ ကျွန်တော်တို့ဟာ အတွေ့အကြုံ ပြည့်ဝစွာနဲ့ ဖြတ်သန်းပြခဲ့ပါပြီ။ နည်းပြ အသင်းက ထွက်သွားရင်လည်း ကျွန်တော်တို့ ရှေ့ဆက် ကြိုးစားနေမှာပါ။ တီတို ဗီလာနိုဗာ လက်အောက်မှာလည်း ကျွန်တော်တို့ အောင်မြင်မှုတွေ ရယူပါမယ်"ဟု စပိန်လက်ရွေးစင် ကွင်းလယ် ခံစစ်သမားက ပြောဆိုသွားခဲ့သည်။
Ref: Soccer Way
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )