22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 16, 2012

ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာနှင့် ကစားသမားဆုကို ဖာဂူဆန်နှင့် ဂစ်တို့ ဆွတ်ခူး

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး မန်နေဂျာနှင့် ကစားသမား ဆုများကို အများ မျှော်လင့်ထားပြီး ဖြစ်သည့်အတိုင်း မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဆရာတပည့် နှစ်ဦးက ဆွတ်ခူး ရရှိသွားသည်။

မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အကောင်းဆုံး မန်နေဂျာဆုကို ရယူနိုင်ခဲ့သည်။ ဝေလ တောင်ပံ ကစားသမား ရိုင်ယန်ဂစ်မှာမူ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့သည်။ ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ရမှတ်တူ အနေအထားဖြင့် လက်လွှတ် ခဲ့ရသော်လည်း မန်ယူသည် နှစ်(၂၀) သမိုင်းအတွင်း အောင်မြင်မှု အကြီးမားဆုံး ရပ်တည်ခဲ့သည့် အတွက် သီးခြား ဂုဏ်ပြုဆုများကို ပိုင်ဆိုင်လာခြင်း ဖြစ်သည်။ လန်ဒန်တွင် ပြုလုပ် ကျင်းပသည့် ဆုပေးပွဲသို့ ဖာဂူဆန် မတက်ရောက်ခဲ့ဘဲ အသင်း၏ အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်က လူစား လက်ခံ ယူခဲ့သည်။


အသက်(၃၈)နှစ် ရှိပြီဖြစ်သော ဂစ်ကမူ ယခုဆုကို ကိုယ်တိုင် လက်ခံ ယူခဲ့သည်။ မန်ယူအတွက် (၉၀၉)ပွဲ ကစားပေးထားသော ကစားသမားကြီးသည် သီအာရီ အွန်နရီ၊ ပေါလ်စခိုးလ်နှင့် ဒင်းနစ်ဘားကမ့်တို့ ကဲ့သို့ အထင်ကရ ကြယ်ပွင့်များကို ကျော်ဖြတ်ကာ ယခုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဆရာဖြစ်သူ ဖာဂူဆန်နှင့် အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို (၁၂)ကြိမ် ကိုင်မြှောက်ခွင့် ရခဲ့သည်။ ဖာဂူဆန်ကမူ အကောင်းဆုံး မန်နေဂျာ ဆုအတွက် အာစင်ဝင်းဂါး၊ ဟိုဆေးမော်ရင်ဟို၊ ဟယ်ရီရက်နပ်၊ ဒေးဗစ်မိုယက်စ် တို့နှင့် ယှဉ်ပြိုင် ခဲ့ရသည်။

နယူးကာဆယ်လ် ယူနိုက်တက် တိုက်စစ်မှူးဟောင်း အလန်ရှီးယားရားမှာ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းသူအဖြစ် ဂိုးပေါင်း (၂၆၀)ဖြင့် ဂုဏ်ပြုဆု ရရှိခဲ့သည်။ ဒေးဗစ်ဂျိမ်းစ်ကမူ ဂိုးသမား တစ်ဦးအနေဖြင့် Clean-Sheet အများဆုံးဆုကို (၁၇၃)ပွဲဖြင့် ရယူခဲ့သည်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းဆုကိုမူ (၂၀၀၄)ခုနှစ်က ရှုံးပွဲမရှိ
ချန်ပီယံ ဖြစ်ခဲ့သော အဆင်နယ်က ရရှိ သွားခဲ့သည်။
Ref: Daily Mail
လန်ဒန်တွင် ပြုလုပ် ကျင်းပသည့် ဆုပေးပွဲသို့ ဖာဂူဆန် မတက်ရောက်ခဲ့ဘဲ အသင်း၏ အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်က လူစား လက်ခံယူခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )