ယခုရာသီ အသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် လီဗာပူးလ် ခံစစ်မှူး မာတင် စကာတယ်လ်သည် အနာဂတ် အတွက် ပြန်လည် ညှိနှိုင်း ဆွေးနွေးသွားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
အသက်(၂၇)နှစ်ရှိ ဗဟိုနောက်ခံလူသည် လီဗာပူးလ် အသင်း ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ခြင်း၊ အဆင့်(၈) နေရာဖြင့် ရာသီ သိမ်းခဲ့ခြင်းများကို မပျော်မရွှင် ဖြစ်နေသည့်နောက် အန်းဖီးလ်တွင် ၎င်း၏ အနာဂတ် ဆက်ရှိရေး အတွက် အသင်းနှင့် ပြန်လည် ညှိနှိုင်း ဆွေးနွေး သွားမည်ဟု အေးဂျင့်ဖြစ်သူက ဆိုသည်။ စကာတယ်လ်သည် လီဗာပူးလ်နှင့် စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးသည်။ သို့သော်လည်း ယခုအခါ ၎င်းသည် အသင်းမှ ထွက်ခွာရန် နီးစပ် နေပြီဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
စကာတယ်လ်၏ အေးဂျင့် ကာရိုလ် ဆွန်တိုက Independentနှင့် အင်တာဗျူးတွင် "လီဗာပူးလ်ဟာ ချန်ပီယံလိဂ်မှာ ကစားခွင့် မရနိုင်တော့ပါဘူးလို့ ဘယ်သူမှ ပြောလို့ မရပါဘူး။ လီဗာပူးလ်ဟာ အသင်းကြီး တစ်ခုပါ။ ဒီရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့် မရရုံနဲ့ နောက်ရာသီ မဖြစ်နိုင်ဘူးလို့ အပြတ် မပြောနိုင်ဘူးလေ။ ကျွန်တော်တို့ ဘက်ကရော၊ အသင်းဘက်ကရော ရှေ့ဆက် မျှော်လင့်ချက် အသီးသီး ရှိကြပါတယ်။ လီဗာပူးလ်က အပြောင်းအလဲတွေ လုပ်မယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်တော့် ကစားသမားကလည်း အသင်းရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေကို တိတိကျကျ သိချင် နေတာပါ" ဟု ပြောကြားသွားသည်။
လီဗာပူးလ်ဟာ အသင်းကြီး တစ်ခုပါ။ ဒီရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်မရရုံနဲ့ နောက်ရာသီ မဖြစ်နိုင်ဘူးလို့ အပြတ်မပြောနိုင်ဘူးလေ။ ကျွန်တော်တို့ ဘက်ကရော၊ အသင်းဘက်ကရော ရှေ့ဆက် မျှော်လင့်ချက် အသီးသီး ရှိကြပါတယ်...
ဆွန်တိုက "ဒီတော့ ကျွန်တော်တို့ လီဗာပူးလ်နဲ့ ဆွေးနွေးပါမယ်။ သူတို့ လိုချင်တာ ဘာလဲဆိုတာ တိတိကျကျ သိချင်ပါတယ်။ စကာတယ်လ်ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ တီးခေါက်ကြည့်ပါဦးမယ်"ဟု ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref: Daily Mail
11:25 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com