ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားမည့် ချယ်လ်ဆီး အတွက် သတင်းကောင်း အဖြစ် ဂယ်ရီ ကာဟေးလ်၊ ဒေးဗစ် လူးဝစ်ဇ်တို့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။
ဘိုင်ယန်မြူးနစ်နှင့် ကစားမည့် ပွဲစဉ်တွင် အဆိုပါ ကစားသမား နှစ်ဦးလုံးသည် အင်္ဂလန် ကလပ် အသင်း၏ ခံစစ်ကြောင်းကို ကြံ့ခိုင်မှု အပြည့်အ၀ဖြင့် ကာကွယ် စောင့်ရှောက်နိုင်ဖွယ် ရှိနေသည်။ စနေနေ့ ပွဲစဉ်အတွက် ချယ်လ်ဆီးမှ ဂျွန်တယ်ရီ၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ ပွဲပယ် ခံထားရပြီး ခံစစ်အတွက် လူရွေးချယ်ရန် ဦးနှောက် စားနေသော ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယို အနေဖြင့် ယခုအခါ အသက်ရှူ ချောင်လာပြီ ဖြစ်သည်။ အင်္ဂါနေ့က အင်္ဂလန် လက်ရွေးစင် ကာဟေးလ်နှင့် ဘရာဇီးလ် လက်ရွေးစင် လူးဝစ်ဇ်တို့သည် ကော့ဘ်ဟမ်းရှိ လေ့ကျင့်ရေးကွင်းတွင် အတူ လေ့ကျင့်နေကြသည်။
လေ့ကျင့်ကွင်းတွင် မြင်တွေ့ရသည့် လူးဝစ်ဇ်နှင့် ကာဟေးလ်
မြူးနစ်တွင် ကစားရမည့် ပွဲစဉ်တွင် ထိုနှစ်ဦးလုံး ဗဟို ခံစစ်နေရာတွင် အတူ ပွဲထွက်လာနိုင်ပြီး ဟိုဆေးဘော့ဆင်ဝါကမူ ညာနောက်ခံ နေရာကို တာဝန်ယူဖွယ် ရှိနေသည်။ ကာဟေးလ်သည် ဘာစီလိုနာနှင့် ကစားသည့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့ ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့သည်။ လူးဝစ်ဇ်မှာမူ FA ဖလား အကြို ဗိုလ်လုပွဲတွင် တော့တင်ဟမ် ဟော့စပါးကို အနိုင် ရခဲ့သည့် ပွဲကတည်းက အသင်းအတွက် မကစားပေးနိုင်ခဲ့ချေ။ ယခုအခါ ခံစစ်သမားများ ကြံ့ခိုင်မှု ပြန်လည် ကောင်းမွန် လာသော်လည်း တောင်ပံ တိုက်စစ်မှူး ဖလော်ရင့် မာလူဒါမှာမူ ဘလက်ဘန်းရိုဗာနှင့် ပွဲတွင် ထိခိုက်မိခြင်း အတွက် လေ့ကျင့်ခန်း မဆင်းနိုင်သေးဟု သိရှိရသည်။
Ref: Irish Times
အင်္ဂလန် လက်ရွေးစင် ကာဟေးလ်နှင့် ဘရာဇီးလ် လက်ရွေးစင် လူးဝစ်ဇ်တို့သည် ကော့ဘ်ဟမ်းရှိ လေ့ကျင့်ရေးကွင်းတွင် အတူ လေ့ကျင့်နေ...
11:23 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com