ရီယို ဖာဒီနန် အနေဖြင့် ကြံ့ခိုင်မှု အနေအထားကြောင့် ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲတွင် အင်္ဂလန် လက်ရွေးစင် အသင်းအား ကိုယ်စားပြု ပါဝင်မည် မဟုတ်ဟု သိရှိရသည်။
ဖာဒီနန်သည် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်ထံမှ မိမိကို အသင်းအတွက် မရွေးချယ်ကြောင်း သတင်းစကားကို လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ဖာဒီနန်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာ ရှိနေသော အသင်း ခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် အင်္ဂလန်၏ အဆုံးသတ် (၂၃)ဦး လူစာရင်းတွင် ပါဝင်လာဖွယ် ရှိနေသည်။ FAသည် ယခု သတင်းနှင့် ပတ်သက်ပြီး မည်သည့် အတည် ပြုချက်မျှ မပေးသေးချေ။ တယ်ရီနှင့် ဟော့ဂ်ဆန် တို့သည် ချယ်လ်ဆီး အသင်း၏ ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရလဒ် အတိအကျကို FA က ဖုံးကွယ်ထားသည်။
အင်္ဂလန် အသင်းတွင် ချန်လှပ်ခံရသည့် ဖာဒီနန်
အသက်(၃၃)နှစ်ရှိ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဖာဒီနန်မှာ အဲဗာတန် ခံစစ်မှူး ဖီးလ်ဂျာဂီလ်ကာနှင့် အတူ အင်္ဂလန် အသင်း၏ လူစာရင်းမှ ချန်လှပ် ခံခဲ့ရသည်။ ထို့အပြင် မန်ယူအသင်း၏ လူငယ်ခံစစ်မှူး ခရစ်စမောလင်းလည်း ဒဏ်ရာရနေရာ တယ်ရီသည် အင်္ဂလန် အတွက် ပြန်ကစားပေးရရန် ရာခိုင်နှုန်း များနေသည်။ ဟော့ဂ်ဆန်သည် ပြိုင်ပွဲသို့ ခံစစ်မှူး (၇)ဦး ခေါ်ယူသွားရန် ရည်ရွယ်ထားပြီး မန်ယူ အသင်းမှ ဖီးလ်ဂျုံးစ်သည် ဗဟို ခံစစ်မှူး၊ ကွင်းလယ်အဖျက်နှင့် ဂလင်းဂျွန်ဆင်၏ အရန်အဖြစ် ညာတောင်ပံ ခံစစ်မှူး နေရာများ အားလုံးအတွက် အကျုံးဝင် ကစားရဖွယ် ရှိနေသည်။
မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဖာဒီနန်မှာ အဲဗာတန် ခံစစ်မှူး ဖီးလ်ဂျာဂီလ်ကာနှင့်အတူ အင်္ဂလန် အသင်း၏ လူစာရင်းမှ ချန်လှပ် ခံခဲ့ရဲ့...
ဖာဒီနန်သည် ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက အင်္ဂလန် အသင်းအတွက် မကစားပေးနိုင်ခဲ့ချေ။ ထို့အပြင် တယ်ရီက ဖာဒီနန်၏ ညီဖြစ်သူ အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားခြင်းကြောင့် ၎င်းတို့နှစ်ဦးကြား ပုဂ္ဂိုလ်ရေး ပြဿနာများ ရှိနေရာ ဟော့ဂ်ဆန်သည် နှစ်ဦးအနက် တစ်ဦးကိုသာ ရွေးချယ်ရန် ဖိအားတစ်ရပ်နှင့် ရင်ဆိုင်လာရသည်။
Ref: Daily Mail
11:21 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com