အမျိုးသမီးတယောက်အတွက် ဆိုးရွားတဲ့ နေရာတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့မူဝါဒရေးရာတွေကို အသားပေးဖော်ပြတဲ့ အမေရိကန်ထုတ် Foreign Policy မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
တက္ကဆက် A&M တက္ကသိုလ်က ပါမောက္ခ ဗလာရီ ဟတ်ဒ်ဆန်က ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေကို လေ့လာတင်ပြထားတဲ့ သုတေသနမြေပုံမှာ ခုလို ဖော်ပြထားတာပါ။
ကျား-မ ပညာရေးကွာဟမှုနဲ့ ပတ်သက်ပြီး ဖော်ပြရာမှာ မြန်မာနိုင်ငံရဲ့ အလယ်တန်း အဆင့် ကျောင်းတက်နှုန်းဟာ ယောကျာ်းလေးနဲ့ မိန်းကလေး ကွာဟချက် ၂၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သတ်မှတ်ချက်အရ ဒါဟာ အဆိုးဆုံးအဆင့်ဝင် နိုင်ငံဖြစ်ပြီး ဒီသတ်မှတ်ချက်မှာ အမျိုးသမီးတွေကို ပညာသင်ကြား ခွင့် ကန့်သတ်ထားမှုကိုလည်း ထည့်သွင်း တွက်ချက်ထားပါတယ်။
တက္ကဆက် A&M တက္ကသိုလ်က ပါမောက္ခ ဗလာရီ ဟတ်ဒ်ဆန်က ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေကို လေ့လာတင်ပြထားတဲ့ သုတေသနမြေပုံမှာ ခုလို ဖော်ပြထားတာပါ။
ကျား-မ ပညာရေးကွာဟမှုနဲ့ ပတ်သက်ပြီး ဖော်ပြရာမှာ မြန်မာနိုင်ငံရဲ့ အလယ်တန်း အဆင့် ကျောင်းတက်နှုန်းဟာ ယောကျာ်းလေးနဲ့ မိန်းကလေး ကွာဟချက် ၂၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သတ်မှတ်ချက်အရ ဒါဟာ အဆိုးဆုံးအဆင့်ဝင် နိုင်ငံဖြစ်ပြီး ဒီသတ်မှတ်ချက်မှာ အမျိုးသမီးတွေကို ပညာသင်ကြား ခွင့် ကန့်သတ်ထားမှုကိုလည်း ထည့်သွင်း တွက်ချက်ထားပါတယ်။
မိသား စုတွင်း ဓလေ့ထုံးတမ်းအစဉ်အလာနဲ့ ပတ်သက်လို့ ဖော်ပြရာမှာတော့ လက်ထပ်ထိမ်းမြားမှု၊ ကွာရှင်းမှု၊ အမွေဆက်ခံမှုနဲ့ လင်ပြိုင် မယားပြိုင်ထားမှု ဥပဒေသတွေမှာ ကျားမ တန်းတူညီမျှမှု မရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ပါတယ်။
ဒါ့ပြင် အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု မရှိဆုံးနိုင်ငံ တနိုင်ငံ အဖြစ်လည်း မြန်မာကို သတ်မှတ်ထားပါပြီး အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက်ကျူးလွန်မှုတွေထဲမှာ လူသတ်မှု၊ အဓမ္မမှုနဲ့ အိမ်တွင်း အကြမ်းဖက်မှု စတာတွေ ပါဝင်ပါတယ်။
နောက်တခါ ကလေးမွေးဖွားရာမှာလည်း မိခင်အသေအပျောက် အများဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ကလေးငယ် ၁သိန်း မွေးဖွားရာမှာ မိခင်သေဆုံးမှု အရေအတွက် ၃၀၀ ကျော် ရှိတဲ့နိုင်ငံတွေစာရင်းမှာ ထည့်သွင်းထားပါတယ်။
မိသား စုထဲမှာ သား ယောကျာ်းလေးကို သမီး မိန်းကလေးထက် ပိုပြီး တန်ဖိုးထားမှုရှိတဲ့နိုင်ငံ အမျိုးသမီးတွေကို လူကုန်ကူးတာတွေ သာမန် ဖြစ်ရိုးဖြစ်စဉ်သဖွယ်ရှိနေတဲ့ နိုင်ငံအဖြစ်လည်း မြန်မာကို သတ်မှတ် ဖော်ပြထားပါတယ်။
လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စာရေးဆရာမ သန်းမြင့်အောင် ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးနဲ့ရပိုင်ခွင့်တွေမှာ လိုအပ်ချက်တွေ ရှိနေပေမယ့် မြန်မာအမျိုးသမီးဖြစ်ရတာ ဂုဏ်ယူတယ်လို့ပြောပါတယ်။
“အမျိုး သမီးအခွင့်အရေးနဲ့ ပတ်သက်လို့တော့ လိုတဲ့နေရာတွေတော့ ရှိကောင်း ရှိနိုင်တယ်။ နိုင်ငံခြားသားနဲ့ ရန်ဖြစ်တဲ့အခါမှာ ကိုယ်ထိလက်ရောက် စော်ကားခံရတာတို့ ဘာတို့လေ။ အဲဒါတွေကတော့ ကျမတို့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထပ်ပြီးတော့ ပြဌာန်းဖို့လိုလိမ့်မယ် ထင်တယ်ပေါ့။ မြန်မာအမျိုးသမီးတယောက် ဖြစ်ရတာကိုတော့ ကျမ ဂုဏ်ယူတယ်။ ကျမ ကျေလည်း ကျေနပ်တယ်။ အမျိုးသမီးမို့လို့ နှိမ့်ချခံတာတော့ ကျမ လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှာ မရှိဘူး။ အရင်တုန်းက အစိုးရလက်ထက်မှာပဲ အမျိုးသမီးရယ် အမျိုးသားရယ် မဟုတ်ဘူး။ ပထမတော့ အမျိုးသမီးဆိုတော့ ပိုခံရတာပေါ့နော်။ ပရဟိတလုပ်ငန်း လုပ်တဲ့နေရာမှာ အရာရာမှာ သံသယနဲ့ ကြည့်တာတို့ ပြီးတဲ့အခါကျတော့ နည်းနည်းဟန့်တားချင်တာတို့၊ နှောင့်ယှက်ချင်တာတို့ အဲဒါတွေ ကြုံတွေ့ခဲ့ရတာပေါ့ ကျမအနေနဲ့။ အခုအချိန်မှာတော့ အားလုံး အဆင်ပြေနေပါတယ်။”
Foreign Policy မဂ္ဂဇင်းမှာတော့ လူမှုရေး ပညာရေးနဲ့ ကျန်းမာရေး ကိစ္စအပြင် အစိုးရအဖွဲ့အတွင်း အမျိုးသမီးတွေကို ဝန်ကြီးအဆင့် နေရာပေးမှုနဲ့ လွှတ်တော်မှာ အမျိုးသမီး ဥပဒေပြုအမတ်တွေ ပါဝင်မှုရာခိုင်နှုန်းဟာလည်း မြန်မာနိုင်ငံမှာ အနည်းဆုံးနိုင်ငံ တနိုင်ငံဖြစ်နေတယ်လို့ ဖော်ပြထားတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့်ကတော့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့် ရလာနိုင်စရာ အကြောင်းရှိတယ်လို့ ပြောပါတယ်။
“အန်တီတို့ ရဲ့ အဖွဲ့ခေါင်းဆောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။ အင်မတန် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တယောက်၊ နိုင်ငံ့ခေါင်းဆောင် ဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာ ပါဝင်လာတဲ့အတွက် အမျိုးသမီးအနေနဲ့ အခွင့်အရေး ပိုပြီးရလာနိုင်ပါတယ်။ ဒါက ဒေါ်စုကိုပြောတာပေါ့။ ကျန်တဲ့ အမျိုးသမီးတွေအနေနဲ့ လွှတ်တော်ထဲမှာ ပိုပြီး နေရာရရှိဖို့ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့လည်း အများကြီး သက်ဆိုင် ဆက်နွယ်ပါတယ်။ အမျိုးသမီးတယောက်ဖြစ်ရုံနဲ့ အမျိုးသမီးအခွင့်အရေး တရပ်အနေနဲ့ ရရှိလာစရာ အကြောင်းမရှိပါဘူး။ အမျိုးသမီးတွေက ကြိုးစားရင်ကြိုးစားသလောက် တချို့အပိုင်းတွေ ရောက်နိုင်တာ ရှိပါတယ်။ အမျိုးသမီးမို့လို့ အုပ်ချုပ်ရေးပိုင်းမှာ မပါရဘူးဆိုတာမရှိဘူး။ မဲမပေးရဘူးဆိုတာ မရှိပါဘူး။ အခုဆိုရင် ဝန်ကြီးဌာနတွေမှာလည်း အမျိုးသမီးတွေ အရည်အချင်း ရှိရင် ရှိသလောက် ပါဝင်ခွင့်ရှိပါတယ်။
ဒါကြောင့် အန်တီတို့က ဆိုးဝါးတယ်ဆိုတဲ့နိုင်ငံမျိုးမှာ အန်တီတို့ မြန်မာနိုင်ငံက အမျိုးသမီးတွေ မပါဘူးလို့ ယုံကြည်ပါတယ်။”
ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတ အဆင့်ထိ ရာထူးရဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲပါ။
အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၃ ပါ သမ္မတ တယောက်ရှိရမယ့် အရည်အချင်း သတ်မှတ်ချက်တွေထဲမှာ စစ်ရေးအမြင်ရှိရမည် ဆိုတဲ့အချက် ထည့်သွင်းထားတာဟာ အမျိုးသမီးတွေကို သမ္မတ တာဝန် မထမ်းဆောင်နိုင်အောင် တားဆီးထားတာလို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်လေ့ရှိပါတယ်။
DVB
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com