22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

မက်ဆီက မိမိအား လူမျိုးရေး ခွဲခြား စော်ကားဖူးကြောင်း ဒရန်သီ စွပ်စွဲ

လီယွန်နယ်လ် မက်ဆီသည် လူမျိုးရေး ခွဲခြားတတ်သူ တစ်ဦးဖြစ်ကြောင်း အဲဗာတန် တောင်ပံ ကစားသမား ရွိုင်စတန် ဒရန်သီက စွပ်စွဲ ပြောဆိုလိုက်သည်။

ဒရန်သီက မိမိသည် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆုရှင် အာဂျင်တီးနား လက်ရွေးစင်၏ နီဂရိုး ဟူသော အသုံး အနှုန်းဖြင့် စော်ကား ခေါ်ဝေါ်မှုကို ခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့သည်။ ဒရန်သီမှာ ရီးယဲလ်မက်ဒရစ် အသင်းပိုင် ဘောလုံးသမား ဖြစ်ပြီး ယခုအခါ အဲဗာတန်တွင် အငှား လာကစား နေခြင်း ဖြစ်သည်။ တောင်အမေရိက တိုက်သား ကစားသမား တစ်ဦးဖြစ်သည့် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က မန်ချက်စတာ ယူနိုက်တက်မှ ပက်ထရစ် အီဗရာကို ခေါ်ဝေါ်သည့် အသုံးအနှုန်း အတိုင်း မက်ဆီက နှုတ်ထွက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဆွာရက်ဇ်မှာမူ (၈)ပွဲပယ်နှင့် ဒဏ်ငွေ ပေါင်စတာလင် (၄၀၀၀၀) ပြစ်ဒဏ်ချမှတ် ခံခဲ့ရသည်။
လူမျိုးရေး ခွဲခြားသည်ဟု စွပ်စွဲ ခံနေရသည့် မက်ဆီ

ဒရန်သီက ဒတ်ခ်ျ သတင်းစာ တစ်စောင်သို့ "ကျွန်တော် မက်ဆီနဲ့ အကြိမ်များစွာ ရင်ဆိုင် ကစားဖူးပါတယ်။ ကျွန်တော်တို့ နှစ်ယောက်မှာ အချင်းချင်း ပြဿနာတွေ ရှိကြတယ်။ ကျွန်တော့်စိတ်ကို အနှောင့်အယှက် ပေးတဲ့ လုပ်ရပ် တစ်ခုက ဘာလဲသိလား။ သူက ကျွန်တော့်ကို နီဂရိုး၊ နီဂရိုးလို့ အမြဲခေါ်တယ်။ တောင်အမေရိကမှာ ဒီစကားလုံးဟာ ပြောရိုးပြောစဉ် ဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီ အချက်လောက် အတွက် ကျွန်တော်က သည်းခံ ပေးရမှာလား။ ကျွန်တော့် အသင်းဖော် မဟာမာဒူ ဒီယာရာက နီဂရိုးဆိုတာ သူ့ကို ရည်ရွယ်တာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တောင်အမေရိကသားတွေ ဖြစ်တဲ့ ဂါဘရီရယ်လ် ဟိန့်ဇ်နဲ့ ဂွန်ဇာလို ဟီဂူအင်းတို့ဟာ ဒီစကားလုံးကို လေ့ကျင့်ရေး ကွင်းမှာ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က လက်ခံလို့ မရမှန်း နားလည်တဲ့ အခါ သူတို့တွေ ဘယ်တော့မှ မပြောတော့ပါဘူး" ဟု ပြောကြားခဲ့သည်။

တောင်အမေရိကသားတွေ ဖြစ်တဲ့ ဂါဘရီရယ်လ် ဟိန့်ဇ်နဲ့ ဂွန်ဇာလို ဟီဂူအင်းတို့ဟာ ဒီစကားလုံးကို လေ့ကျင့်ရေးကွင်းမှာ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က လက်ခံလို့ မရမှန်း နားလည်တဲ့အခါ သူတို့တွေ ဘယ်တော့မှ မပြောတော့ပါဘူး...
၎င်းက "မနှစ်က ကျွန်တော် အငှား သွားကစားတဲ့ ဟာကျူလက်စ် အသင်း ဘာစီလိုနာနဲ့ ရင်ဆိုင်ရတော့ ကျွန်တော် မက်ဆီနဲ့ နည်းနည်း ငြိခဲ့တယ်။ သူက ကျွန်တော့်ကို လက်ကမ်းပေးတယ်။ ပြီးတော့ နီဂရိုးလို့ ရွတ်နေတယ်" ဟုလည်း ဆိုသည်။ ဘာစီလိုနာနှင့် မက်ဆီတို့ကမူ အဆိုပါ စွပ်စွဲချက်ကို မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ချေ။ ဒရန်သီက အဆိုပါ အင်တာဗျူးတွင်ပင် မိမိသည် ရီးယဲလ်တွင် စိတ်ပျက်ဖွယ် (၅)နှစ်တာ ကာလကို ဖြတ်သန်းပြီးနောက် အသင်းဟောင်း ဖိုင်ယန်နော့ဒ်သို့ ပြန်သွားရန် စိတ်ကူးနေကြောင်းလည်း ပြောဆိုသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )