22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 20, 2012

မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန်

အရင်ကတင်ထားတဲ့ သတင်းနဲ့ပတ်သတ်ပြီး အားလုံးကလဲသိချင်ကြမယ်ထင်တဲ့ အမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုပြောပြချင်ပါတယ်။

ဖြစ်ပုံကတော့ဒီလိုပါ။ အရိုက်ခံ၊အထိုးခံရတယ်ဆိုတဲ့ မထွယ်အောင် ရဲ့ညီမ မနူးနူးသော်ဆိုတာ မန်းစည်ပင်အတွင်းရေးမှူးရဲ့သား ချိုဌေးမောင်ရဲ့ ရည်းစားပါ။ ၃၁-၃-၂၀၁၂ နေ့ က မထွယ်အောင်နဲ့ညီမဖြစ်သူမနူးနူးသော်တို့စကားများ ကြပါတယ်။
စကားများရင်းကနေလက်ပါ ပါလာကြပြီး မထွယ်အောင်ကနေမနူးနူးသော်ကို ဆံပင်ဆွဲပါးရိုက်ပါတယ်။

အဲတာကိုမနူးနူးသော်ကမကျေနပ်လို့ ရည်းစားဖြစ်သူ ချိုဌေးမောင်ကိုဖုန်းဆက်ပြီးတိုင်ပါတယ်။အဲဒီမှာ ချိုဌေးမောင်က မထွယ်အောင်နဲ့ မနူးနူးသော် တို့ငှားနေတဲ့အိမ်ကိုရောက်လာပြီး မနူးနူးသော်နဲ့တွေ့ပါတယ်။ပြီးတော့အိမ်ထဲကပြန်အထွက် အပေါက်ဝရောက်တဲ့အချိန်မှာ မထွယ်အောင်နဲ့ ချိုဌေးမောင်တို့အပြန်အလှန်စကားများ ဆဲဆိုကြပြီး တစ်ယောက်နဲ့တစ်ယောက် လုံးထွေးသတ်ပုတ်ကြပါတယ်။

ချိုဌေးမောင်ကမထွယ်အောင်ကို လက်သီးနဲ့ထိုးသလို မထွယ်အောင်ကလည်း ချိုဌေးမောင်ရဲ့အင်္ကျီကိုဆွဲပြီး ဖိနပ်နဲ့ပါးရိုက်ပါတယ်။နောက်တော့ဘေးကလူတွေဝင်ဆွဲတာနဲ့ရန်ပွဲပြီးသွားပြီး တစ်ဖက်နဲ့တစ်ဖက်  အမှတ်(၉)ရဲစခန်းမှာ အပြန်အလှန် အပြန်အလှန် တရားစွဲကြပါတယ်။ဒီနေရာမှာသိစေချင်တာက ချိုဌေးမောင်ဘက်ကနေ အမှုဖွင့်ရာမှာသက်သေအဖြစ်နဲ့ လိုက်ပါတိုင်ကြားခဲ့တာက မထွယ်အောင်ရဲ့ ညီမ အရင်းဖြစ်တဲ့ မနူးနူးသော်ပါ။

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အမှုဖွင့်တဲ့အတွက် နှစ်ဘက်စလုံးတရားလိုနဲ့ တရားခံတွေပါပဲ။အဲတာကြောင့်နှစ်ဖက်စလုံးကို ရဲတွေကအမှုနဲ့စစ်ဆေးပြီးနှစ်ဖက်စလုံးကို အာမခံနဲ့ လွှတ်ပေးပြီး အမှုကိုတရားစွဲတင်ဖို့ဆက်လက်ဆောင်ရွက်နေပါတယ်။သူတို့တွေဖြစ်တဲ့အမှုကလည်း အာမခံပေးရမယ့်အမှုဖြစ်တဲ့အတွက် အမှုအတောအတွင်းမှာ နှစ်ဖက်စလုံးကိုအာမခံနဲ့ လွှတ်ထားတာပါ။

            ဒီဖြစ်စဉ်ကိုပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ဒီအမှုမှာ လူတင်ပါလို့နွားကျားကိုက်တယ် ဆိုတဲ့စကားပုံလို မနူးနူးသော်က ဖုန်းဆက်ပြီးရည်းစားကိုတိုင်တဲ့အတွက် ချိုဌေးမောင်က ညီအစ်မ နှစ်ယောက်ကြားမှာဝင်ပြီး သူရဲကောင်း လုပ်တာပါ။နှစ်ဖက်စလုံးကလဲ ဒေါသကိုရှေ့ထားပြီးဖြေရှင်းကြတဲ့အတွက် ဒီလိုအမှုအခင်းတွေ ဖြစ်ကုန်တာပါ။မထွယ်အောင်ပြောသလို အကျီရင်ဘတ်ကိုဆွဲပြီး ထိုးကြိတ်ရိုက်နှက်တာမှန်ပေမယ့် ဘာအကြောင်းမှ မရှိဘဲလုပ်တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းလဲတွေးမိမှာပါ။ချိုဌေးမောင်ဘက်က မိန်းကလေးတစ်ဦးကို ရိုင်းစိုင်းစွာ ထိုးကြိတ်ရိုက်နှက်ခဲ့သလို မထွယ်အောင်ကလည်း ပြန်ပြီးလက်တုန့်ပြန်ခဲ့ပါတယ်။

ကျွန်တော့်အမြင်ကတော့ ချိတ် ချိတ်ချင်းမို့ညှိကြတာပါ။မထွယ်အောင်ပြောသလို အကြောင်းမဲ့သက်သက်ဝင်ရိုက်တယ်ဆိုရင်ရပ်ကွက်ကလဲ ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ နောက်ပြီး မထွယ်အောင်ပြောသလို အထက်က ဖိအားပေးလို့ အမှုမှန်ပေါ်ရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်တယ်ဆိုတာ ကလည်း အခြေအမြစ် မရှိဘူးလို့ထင်ပါတယ်။ဒီအမှုဟာ ဆားပုလင်းနှင်းမောင်တို့ ၊ စုံထောက်ကြီးရှားလော့ဟုမ်း တို့ ၀င်စစ်ရလောက်မယ့် လျှို့ဝှက်နက်နဲတဲ့အမှုလည်းမဟုတ်ပါဘူး။ဒီဖြစ်ရပ်ကိုအကုန်မြင်တဲ့ သက်သေတွေလည်း ရှိပါတယ်။

မထွယ်အောင်က ရဲစခန်းကိုသွားမေးတော့ ဘယ်ရဲအရာရှိက အဲလိုပြောလိုက်တာလဲ။ဘယ်နေ့ကပြော လိုက်တာလဲ ။ တကယ်သွားမေးတာရောဟုတ်ရဲ့လား။ကိုယ့်စကားကိုယ် ဘယ်လောက်အထိတာဝန်ယူနိုင်သလဲ။ဒီလိုပြောနေလို့ကျွန်တော့်ကိုလည်း ဓားခုတ်ရာလက်ဝင်လျှိုတယ်မထင်ပါနဲ့။ကျွန်တော်ဘယ်ဘက်နဲ့မှ အမျိုးမ တော်ပါဘူး။

မထွယ်အောင် ထိုးကြိတ်ရိုက်နှက်ခံရတာမှန်ပါတယ်။ဒါပေမယ့် သူပြောသလို အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူပြောသလို ထိရောက်မှန်ကန်စွာအရေးယူပေးရန်နှင့်အများပြည်သူသိစေရန် ဆိုတဲ့နေရာမှာ သူကိုယ်တိုင်ကလည်း အများပြည်သူကို ပွင့်ပွင်းလင်းလင်း ရိုးရိုးသားသား ပြောပြဖို့လိုပါမယ်။ ချိုဌေးမောင်ကို အာမခံနဲ့လွှတ်ထားသလို မထွယ်အောင်ကိုလည်း အာမခံနဲ့ လွှတ်ပေးထားတာပါ။ငါ့စကား နွားရ ဆိုတဲ့ပုံမျိုးနဲ့ ပြည်သူကို အမှန်အတိုင်းမပြောဘဲ ရေးချင်ရာရေးလို့ပြီးရောလား။ဒီအမှုမှာ ချိုဌေးမောင် အပြစ်ရှိသလို မထွယ်အောင်မှာလဲအပြစ်ရှိပါတယ်။မထွယ်အောင်ဘက်ကလည်း  ရိုးသားမှုရှိစေချင်ပါတယ်။နှစ်ဦးနှစ်ဖက်စလုံး တရားရုံးမှာဥပဒေအတိုင်း ရင်ဆိုင်ရမှာပါ။တရားကိုနတ်စောင့်ပါတယ်။

အဖြစ်မှန်သိရှိသူတဦး ရေးသားပေးပို့ ထားတာပါ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )