22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 20, 2012

ဗြိတိသျှ ပါလီမန် ဉက္ကဌက ဒေါ်စု အတွက် ဂုဏ်ယူ

ပါလီမန် ဉက္ကဌ ဂျွန်ဘားကိုး
လာမယ့် ဇွန်လ လလယ်ပိုင်းမှာ ဗြိတိသျှ ပါလီမန် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းဟာ အင်မတန် ထူးခြားတဲ့ သမိုင်းဝင် မှတ်တမ်းတခု ဖြစ်မယ်လို့ ပါလီမန် ဉက္ကဌ ဂျွန်ဘားကိုးက ပြောပါတယ်။

ဘာ့ကြောင့်လဲ ဆိုရင် အခုလို ပြောကြားခွင့် ရခြင်းဟာ အင်မတန် ရှားပါးတဲ့ ထူးခြားတဲ့ အခွင့်အရေး တရပ် ဖြစ်ကြောင်း၊ အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်စလုံးမှာ စကား ပြောခွင့်ရခြင်းဟာ ထူးခြားကြောင်းဆိုပါတယ်။ လွှတ်တော် အမတ်တွေကလည်း နဂို ကတည်းက လေးစား အားကျမှု ရှိကြောင်း၊ ကမ္ဘာပေါ်မှာ အလွန် ရဲရင့် သတ္တိရှိတဲ့ သူကို ဂုဏ်ပြုရင်း သူဘာပြောမလဲ ဆိုတာကို နားထောင်ချင်သူ တွေလည်း အများအပြား ရှိကြောင်း ပြောပါတယ်။

လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောတဲ့ အခါမှာ ပါလီမန် အမတ်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထားတဲ့ သဘောထားတွေ ထင်ဟတ်ပေါ်လွင် လာမှာ ဖြစ်သလို၊ ဖိတ်ခေါ် ခဲ့တဲ့ အစိုးရ အနေနဲ့ လည်း ဂုဏ်ယူစရာ ကောင်းကြောင်း ပြောပါတယ်။

ဒီထက်ပိုကောင်းတာကတော့ မြန်မာ နိုင်ငံသားတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လိုအနိုင်မခံ အရှုံးမပေး တတ်တဲ့ သူရဲကောင်း စိတ်ဓာတ် ရှိသူ တဉီး၊ အမျှော်အမြင် ကြီးသူ၊ ဆုံးဖြတ်ချက် ခိုင်မာသူ၊ ဒီကနေ့ ကမ္ဘာမှာ ထူးခြားတဲ့ နိုင်ငံရေးသမား တဉီး အဖြစ် မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေကို ကြီးမားတဲ့ ပိတ်ဆို့မှုတွေနဲ့ အဟန့်အတား ကြားက ရအောင် ယူပေး နေတဲ့ ခေါင်းဆောင် တဉီးကို ရထားတဲ့ အတွက် ဂုဏ်ယူ စေချင်တဲ့ သဘောလည်း ပါဝင်ကြောင်း ဆိုပါတယ်။

ဆက်လက်ပြီး ပြောကြားရာမှာ ပြည်ပခေါင်းဆောင် တွေထဲက သမ္မတတွေ၊ ဝန်ကြီးချုပ် တွေတောင် ပါလီမန် ၂ ရပ်စလုံးမှာ မိန့်ခွန်းပြောကြားခွင့် ရကြတဲ့ အရေအတွက်က အလွန်နည်းပါး တယ်လို့ ဆိုပါတယ်။ ဗြိတိန်က ဆိုရင် အယ်လိဇဘက်သ် ဘုရင်မကြီး ဖြစ်ကြောင်း၊ နောက် အမေရိကန် သမ္မတ အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ၁၆ ယောက်မြောက် ဘဲန်းနဒစ်၊ ပြင်သစ် သမ္မတ ချားလ်စ် ဒီဂေါလ် နဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင် မဲန်ဒဲလား တို့ ဖြစ်ကြောင်း ပြောပါတယ်။

ဒီလို မိန့်ခွန်း ပြောကြားခွင့် ကိုလည်း တနှစ် တကြိမ် ဆိုသလို သတ်မှတ် ထားခြင်းလည်း မရှိတဲ့ အတွက် အင်မတန် ရှားပါးပြီး ဂုဏ်ယူစရာ ကောင်းတဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။
ဘီဘီစီ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )