22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

ဒေါ့တ်မန် ကစားသမား (၃)ဦးကို မန်ယူချိန်ရွယ်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ကို ဆုံးရှုံး ခဲ့သည့်နောက် ဂျာမန်ချန်ပီယံ ဆုရှင်များကို လက်လွှဲယူရန် စိတ်ကူးနေကြောင်း သိရှိရသည်။

ယခုနှစ် ဘောလုံးရာသီ ဂျာမနီ၏ အဓိက ဖလား(၂)လုံးစလုံး သိမ်းကျုံး ရယူထားသည့် ဘိုရပ်ရှားဒေါ့တ်မန် အသင်းမှ အဓိက ကြယ်ပွင့် ကစားသမား (၃)ဦးကို ခေါ်ယူရန် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကြိုးစားလျှက် ရှိနေသည်။ ဂျပန် လက်ရွေးစင် ကွင်းလယ်လူ ရှင်ဂျီကာဂါဝါ၊ ပိုလန် လက်ရွေးစင် တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးနှင့် ဂျာမန် လက်ရွေးစင် ခံစစ်မှူး မတ်စ်ဟမ်မဲလ်တို့အား နွေရာသီတွင် ပေါင်စတာလင် သန်း(၅၀)ဖြင့် ကမ်းလှမ်းရန် မန်ယူက ခြေလှမ်း ပြင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ချန်ပီယံဖလားနှင့် အတူတွေ့ရသည့် ရှင်ဂျီကာဂါဝါ

ကာဂါဝါသည် ဒေါ့တ်မန်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး မန်ယူသို့ ပြောင်းရွှေ့မည်ဟု သတင်း ကြီးနေသည်။ ဟမ်မဲလ်သည် ဖာဂူဆန်၏ ရေရှည်စောင့်ကြည့်ခြင်း ခံရသော ပစ်မှတ် ဖြစ်ခဲ့ပြီး လီဝင်ဒေါစကီးမှာ ဂျာမန်ပိုကယ် ဖလား ဗိုလ်လုပွဲ၌ ဘိုင်ယန်မြူးနစ်အား (၅-၂)ဖြင့် အနိုင်ရခဲ့ရာတွင် Hat-Trick သွင်းယူခဲ့သည်။ လီဝင်ဒေါစကီးမှာလည်း အသင်းနှင့် စာချုပ်သက်တမ်း တိုးရေး ဆွေးနွေးမှု အဆင်မပြေ ဖြစ်နေသည်။ ၎င်း၏ အေးဂျင့် မိုက်ခ်ဘာသယ်လ်က "ဒေါ့တ်မန်ဆီက ကမ်းလှမ်းမှုဟာ မလုံလောက်ပါဘူး။ နောက်တစ်ချက်က မန်ယူက ကျွန်တော့် ကစားသမားကို လိုချင်နေတယ် ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဟမ်မဲလ်၏ ဖခင်ဖြစ်ပြီး အေးဂျင့် အဖြစ်လည်း လုပ်ကိုင်ပေးနေသူ ဟာမန်းသည် မန်ချက်စတာမြို့သို့ ဖိတ်ခေါ်ခြင်း ခံရပြီး အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ မန်ယူသည် ထိုကစားသမား (၃)ဦးလုံးကို ခေါ်ယူပါက ပေါင်စတာလင် သန်း(၅၀)မျှထိ အသုံးပြုရဖွယ် ရှိနေသည်။ သို့သော်လည်း ဒေါ့တ်မန် အသင်း၏ စီမံရေးရာ ဒါရိုက်တာ ဟန်းစ်ဂျိုအာချင် ၀က်ဇီကီကမူ "ကာဂါဝါ အသင်းက ထွက်မယ်လို့ မျှော်လင့်ပြီးသားပါ။ ဒါပေမဲ့ တခြား ကစားသမားတွေကို ရောင်းဖို့ ဆိုတာကတော့ ဘယ်လောက်ပေးပေး စိတ်မ၀င်စားပါဘူး" ဟု ပြောကြားထားသည်။
Ref: Daily Mail
ဂျပန် လက်ရွေးစင် ကွင်းလယ်လူ ရှင်ဂျီကာဂါဝါ၊ ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးနှင့် ဂျာမန် လက်ရွေးစင် ခံစစ်မှူး မတ်စ်ဟမ်မဲလ်တို့အား နွေရာသီတွင် ပေါင်စတာလင် သန်း(၅၀)ဖြင့် ကမ်းလှမ်းရန် မန်ယူက ခြေလှမ်း ပြင်နေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )