22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 29, 2012

မာတီနက်ဇ် ၀ီဂန်တွင်ပင် ဆက်နေဖွယ်ရှိ

ဝီဂန် အသင်း ဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် အနေဖြင့် အသင်းတွင်ပင် ဆက်ရှိမည် ဆိုသော ကြေညာချက်ကို ယနေ့ ထုတ်ပြန် ကြေညာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စပိန်သား မန်နေဂျာသည် လီဗာပူးလ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လီဗာပူးလ်က ဆွမ်ဆီးအသင်းမှ ဘရန်ဒန် ရော့ဂျာကို ပိုမို အာရုံကျနေခြင်းနှင့် အတူ မာတီနက်ဇ်သည် ၀ီဂန်တွင်သာ ဆက်နေရန် ရွေးချယ်လာဖွယ် ရှိနေသည်။ အစောပိုင်းက အန်းဖီးလ်တွင် ကင်နီဒဲလ်ဂလစ်ရှ် နေရာ ဆက်ခံမည့်သူအဖြစ် မာတီနက်ဇ် ရေပန်း စားခဲ့သော်လည်း အခြေအနေ အပြောင်းအလဲများ ဖြစ်ပေါ် လာခဲ့သည်။ ၀ှီလန်သည် ပြီးခဲ့သည့် ဘောလုံး ရာသီက အသင်းကို တန်းဆင်းဇုန်မှ လွတ်မြောက်အောင် အကောင်းဆုံး ဦးဆောင်ခဲ့သော မာတီနက်ဇ်နှင့် ဆက်လက်၍ လက်တွဲနိုင်ဖွယ် ရှိနေသည်။
ဝီဂန်တွင် ဆက်ရှိနေမည့် မာတီနက်ဇ်

လက်ရှိတွင် အက်စ်တန်ဗီလာ အသင်းကလည်း မာတီနက်ဇ်အား စိတ်ဝင်စားနေသည့်တိုင် ၀ီဂန်က စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းသွားရန် ပြင်ဆင်နေသည်။ လီဗာပူးလ် အသင်း မန်နေဂျာသစ် ရှာဖွေရေး လုပ်ဆောင်မှုတွင် ယခု တစ်ကြိမ်သည်လည်း မအောင်မြင် ခဲ့ပြန်ဘဲ ရှိလာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်မှ အသင်း ပိုင်ရှင်များသည် အသက်(၃၈)နှစ်ရှိ မာတီနက်ဇ်အား မီယာမီသို့ ခေါ်ယူ ဆွေးနွေး ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။ လက်ရှိတွင် ရော့ဂျာသည် လီဗာပူးလ်နှင့် နာမည်ထွက်လျှက် ရှိနေပြီး ဆွမ်ဆီးကမူ အားထားရသော မန်နေဂျာကို လက်လွတ် မခံလိုဘဲ ရှိနေသည်။

အစောပိုင်းက အန်းဖီးလ်တွင် ကင်နီဒဲလ်ဂလစ်ရှ် နေရာ ဆက်ခံမည့်သူအဖြစ် မာတီနက်ဇ် ရေပန်းစားခဲ့သော်လည်း အခြေအနေ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့...
လီဗာပူးလ်သည် ယခင်က မန်နေဂျာ ရာထူးအတွက် ဂျာဂန်ကလော့ပ်၊ ဖရန့်ဒီဘိုးဝါး အစရှိသော နည်းပြများကို ချိတ်ဆက် ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ယခုအချိန်ထိ လူသစ် ရှာနေရဆဲ ဖြစ်သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )