22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 29, 2012

ဆက်ခ်ျအား (၄)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ချယ်လ်ဆီး ချုပ်ဆို

ချယ်လ်ဆီး အသင်းသည် ဂိုးသမား ပီတာဆက်ခ်ျအား သက်တမ်းတိုး စာချုပ်တစ်ရပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။


ချက်လက်ရွေးစင် ဆက်ခ်ျသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ဆက်နေရန် (၄)နှစ် သက်တမ်းရှိ စာချုပ်အား လက်မှတ် ရေးထိုးခဲ့သည်။ (၂၀၀၄)ခုနှစ်ကတည်းက အသင်းသို့ ရောက်ရှိနေသော ဆက်ခ်ျသည် လက်ရှိ ချယ်လ်ဆီးတွင် ပွဲအရေအတွက် အများဆုံး ကစားထားသည့် နိုင်ငံရပ်ခြား ကစားသမားအဖြစ် ရပ်တည်နေသည်။ ၎င်းသည် ချယ်လ်ဆီး အတွက် (၃၆၉)ပွဲ ကစားကာ ပရီးမီးယားလိဂ် ချန်ပီယံဆု (၃)ကြိမ်၊ FAဖလား (၄)ကြိမ်၊ ကားလင်းဖလား (၂)ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား (၁)ကြိမ် ပိုင်ဆိုင် ထားခဲ့သည်။
ချယ်လ်ဆီးနှင့် သက်တမ်းတိုးလိုက်သည့် ဆက်ခ်ျ

ချယ်လ်ဆီးသည် ချန်ပီယံလိဂ် ဆုဖလားကို ရရှိစေရန် လက်စွမ်းပြခဲ့သည့် ဆက်ခ်ျအား ရာသီကုန်ကတည်းက သက်တမ်းတိုးရန် ဆွေးနွေးနေခဲ့သည်။ ဆက်ခ်ျက "ဒီလို အသင်းကောင်း တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် နောက်ထပ် (၄)နှစ် ဆက်ရှိခွင့် ရဦးမယ်။ ဒီအတွက် ကျွန်တော် သိပ်ပျော်မိပါတယ်။ နောက်နှစ်တွေမှာလည်း ကျွန်တော် ဖြတ်သန်းဖူးတဲ့ (၈)နှစ်လိုပဲ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့် ထားပါတယ်" ဟု ပြောကြားသွားသည်။ အသက်(၃၀) ရှိပြီဖြစ်သော ဆက်ခ်ျကို သက်တမ်းတိုး စာချုပ်နိုင်ခြင်းသည် အသင်းအတွက် အရေးပါသော ခြေလှမ်းတစ်ခု အဖြစ် ချယ်လ်ဆီး အမှုဆောင်ချုပ် ရွန်ဂေါ်လေက မှတ်ချက်ပြုခဲ့သည်။

ဒီလို အသင်းကောင်း တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် နောက်ထပ် (၄)နှစ် ဆက်ရှိခွင့် ရဦးမယ်။ ဒီအတွက် ကျွန်တော် သိပ်ပျော်မိပါတယ်။ နောက်နှစ်တွေမှာလည်း ကျွန်တော် ဖြတ်သန်းဖူးတဲ့ (၈)နှစ်လိုပဲ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့် ထားပါတယ်...
ဂေါ်လေက "ဆက်ခ်ျက (၂၀၁၆)ထိ ချယ်လ်ဆီးမှာ ဆက်ရှိမှာပါ။ ဒါဟာ အသင်းအတွက် သိပ်အရေးကြီးတဲ့ ခြေလှမ်း တစ်ခုပါပဲ။ ဒီရာသီမှာ ချယ်လ်ဆီးရဲ့ တောင်းဆိုမှု အမြင့်မားဆုံး ဖြတ်သန်း နေရတဲ့ ကာလတွေမှာ ဆက်ခ်ျကာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ယောက် အနေနဲ့ စွမ်းဆောင်ပြခဲ့တာ အားလုံး အမြင်ပါပဲ" ဟု ပြောကြားခဲ့သည်။ ဆက်ခ်ျသည် ချယ်လ်ဆီးတွင် (၁၇၈)ပွဲ Clean Sheet ရရှိထားပြီး ကစားသမျှ ပွဲအားလုံး၏ (၄၈)ရာခိုင်နှုန်း ဂိုးမပေးရဟု မှတ်တမ်း တင်ထားနိုင်ခြင်း ဖြစ်သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )