ဘာစီလိုနာ အသင်းသည် ချယ်လ်ဆီး ခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်အား ခေါ်ယူရေး အတွက် ရီးယဲလ် မက်ဒရစ်နှင့် အပြိုင် ကြိုးပမ်းနေကြောင်း သိရှိရသည်။
စပိန်ထိပ်သီး ကလပ် အသင်းသည် ပေါင်စတာလင် (၂၃)သန်းတန် စွယ်စုံရ ခံစစ်မှူးအား စိတ်ဝင်တစား လေ့လာမှုများ ပြုလုပ်နေကြောင်း သတင်းများက ဆိုသည်။ ဆာဘီးယား လက်ရွေးစင် အိုင်ဗန်နိုဗစ်မှာ ပြီးခဲ့သည့် ဘောလုံး ရာသီက ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ဘာစီလိုနာ၏ တိုက်စစ် အရှိန်ကို အကောင်းဆုံး ဟန့်တားပြီး ခြေစွမ်း ပြသခဲ့သည်။ ရီးယဲလ်သည် အသက်(၂၈)နှစ်ရှိ ကစားသမားကို ပေါင်စတာလင် (၁၅)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်း မည်ဟု သတင်းများ ထွက်ပေါ် နေခဲ့သည်။
စပိန်ထိပ်သီးများ စောင့်ကြည့်နေသည့် အိုင်ဗန်နိုဗစ်
ယခုအခါ ရီးယဲလ်၏ ပြည်တွင်း အစဉ်အလာ ပြိုင်ဘက်ကြီး ဘာစီလိုနာကလည်း ခံစစ်အင်အား ဖြည့်တင်းရန်အတွက် အိုင်ဗန်နိုဗစ်အား ချိန်ရွယ်လာခဲ့သည်။ အသက်အရွယ်အရ အကျပိုင်း ရောက်နေသည့် အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ် နေရာတွင် ရေရှည် အစားထိုးရန် ကစားသမားသစ် ရှာဖွေနေသော ဘာစီလိုနာသည် အိုင်ဗန်နိုဗစ်ကို နှစ်သက်နေကြောင်း သိရှိရသည်။ ချယ်လ်ဆီးသည် အားထားရသော ခံစစ်သမားကို ဆက်ထိန်းထားရန် ဆန္ဒ ရှိနေပြီး ရောင်းချမည်ဟု ဆုံးဖြတ်လျှင်လည်း အနိမ့်ဆုံး ပေါင်စတာလင် (၂၃)သန်းတန် ကမ်းလှမ်းမှုမျိုးကိုသာ လက်ခံ စဉ်းစားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
ကားလက်စ်ပူယိုးလ် နေရာတွင် ရေရှည် အစားထိုးရန် ကစားသမားသစ် ရှာဖွေနေသော ဘာစီလိုနာသည် အိုင်ဗန်နိုဗစ်ကို နှစ်သက်နေ...
5:24 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com