ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုသည် ချယ်လ်ဆီးမှ ထွက်ခွာမည့် တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာကို ခေါ်ယူနိုင်ရန် ချိတ်ဆက်နေကြောင်း သိရှိရသည်။
အသက်(၃၄)နှစ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင်သည် မော်ရင်ဟို ချယ်လ်ဆီးအား မန်နေဂျာ အဖြစ် တာဝန်ယူစဉ်က အတွဲ ညီခဲ့သူလည်း ဖြစ်သည်။ ယခုအခါ ဒရော့ဂ်ဘာသည် ချယ်လ်ဆီးအား ချန်ပီယံလိဂ် ဆုဖလား ရယူပေးပြီးနောက် စတမ်းဖို့ဒ် ဘရစ်ဂ်ျအား ကျောခိုင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်နေသည်။ ၎င်းသည် တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေသော်လည်း မော်ရင်ဟိုက ကြားဝင် ကမ်းလှမ်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ယခုအခါ ဘာနေဗျူး ကလပ်အသင်း၏ အပြောင်းအရွှေ့ မူဝါဒကို အပြည့်အ၀ ထိန်းသိမ်းခွင့် ရရှိထားပြီဖြစ်သော မော်ရင်ဟိုသည် အသင်းလက်မဲ့ ကစားသမားအဖြစ် ဒရော့ဂ်ဘာအား စာချုပ်ရန် အလိုရှိနေခြင်း ဖြစ်သည်။
ချယ်လ်ဆီးတွင် အတွဲညီခဲ့သည့် မော်ရင်ဟိုနှင့် ဒရော့ဂ်ဘာ
မော်ရင်ဟိုသည် တပည့်ဟောင်းကို (၂)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားနိုင်ရန် မျှော်လင့်နေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ ဒရော့ဂ်ဘာကို စပိန်၊ အီတလီ၊ ဂျာမနီနှင့် ရုရှားမှ ကလပ်အသင်း အချို့ကလည်း စိတ်ဝင်စားနေသည်။ ရှန်ဟိုင်းအသင်းမှာမူ ဒရော့ဂ်ဘာနှင့် သဘောတူညီမှုတစ်ခု ရယူနိုင်ရန် အလွန်နီးစပ်နေပြီဟု သတင်းထွက်နေသည်။ ရှန်ဟိုင်းတွင် ဒရော့ဂ်ဘာ၏ ချယ်လ်ဆီး အသင်းဖော်ဟောင်းလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်သူ နီကိုလက်စ် အနယ်လ်ကာက ကစားသမား၊ နည်းပြအဖြစ် တာဝန်ယူလျှက် ရှိသည်။
မော်ရင်ဟိုသည် တပည့်ဟောင်းကို (၂)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားနိုင်ရန် မျှော်လင့်နေကြောင်း သတင်းများက ဖော်ပြခဲ့...
5:26 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com