22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 29, 2012

ချယ်လ်ဆီးကို ရွေးချယ်ကြောင်း ဟာဇက်ကြေညာ

ချယ်လ်ဆီး အသင်းသည် အီဒင်ဟာဇက်အား ရရှိရေး ပြိုင်ပွဲတွင် အနိုင် ရရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး (၃)သင်းလုံးနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားသည့် ဘယ်လ်ဂျီယံ လက်ရွေးစင်က လာမည့်ရာသီ ချယ်လ်ဆီးတွင် ကစားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ အသက်(၂၁)နှစ်သာ ရှိသေးသော ကွင်းလယ်တိုက်စစ် ကစားသမားက Twitterတွင် "ကျွန်တော် ဥရောပ ချန်ပီယံ အသင်းကို သွားပါမယ်" ဟု ရေးသားခဲ့သည်။ ဟာဇက်ကို သိမ်းပိုက် လိုက်နိုင်ခြင်းသည် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျ၏ ငွေသုံးကြမ်းကြမ်းဖြင့် အသင်းကို အားဖြည့်မည့် ရည်ရွယ်ချက်အား ပေါ်လွင်လာစေသည်။

မန်စီးတီးသည် ဟာဇက်ကို ရရှိမည်ဟု ရေပန်းအစားဆုံး ဖြစ်ခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့် ပေးနိုင်သည်ဆိုသော အာမခံချက်မျိုး မရှိခြင်းကြောင့် ကစားသမားက မျက်ကွယ်ပြုသွားခြင်း ဖြစ်ဖွယ်ရှိသည်။ ပေါင်စတာလင် (၃၂)သန်းမျှ ပေါက်ဈေးရှိသော ဟာဇက်သည် ချယ်လ်ဆီးတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၇၀၀၀၀)မျှ ရရှိမည်ဟု ခန့်မှန်းရပြီး အေးဂျင့်အတွက်လည်း သီးခြားခံစားခွင့် ရှိနိုင်ကြောင်း သတင်းများက ဆိုသည်။ ဟာဇက်သည် လိုင်လီ အသင်းနှင့် အတူ ခြေစွမ်း ပြနိုင် ခဲ့သည့်နောက် ပြင်သစ်လီဂူး အကောင်းဆုံး ဘောလုံးသမား အဖြစ် (၂)နှစ်ဆက် ရွေးချယ်ခြင်း ခံခဲ့ရသည်။
ကျွန်တော် ဥရောပ ချန်ပီယံ အသင်းကို သွားပါမယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )