22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 29, 2012

ဘ၀တွင် မိခင်၏ လွှမ်းမိုးမှုက အလွန် အရေးပါကြောင်း ဗန်ပါစီ ဖွင့်ဟ

မိမိ၏ အနာဂတ် ဆုံးဖြတ်ချက်များ အပေါ် အလွှမ်းမိုးနိုင်ဆုံး သူသည် မိခင်သာ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ရွှေဖိနပ် ဆုရှင် ရော်ဘင် ဗန်ပါစီက ပြောကြားလိုက်သည်။

အာဆင်နယ် အသင်းတွင် စာချုပ်သက်တမ်း တိုးရန် ဆွေးနွေးမှုများ အဆင်မပြေ ဖြစ်နေသော အသင်းခေါင်းဆောင်က ၎င်းသည် မိခင် ဖြစ်သူ၏ ဝေဖန်မှုများအား အလေးထား နားထောင်လေ့ရှိကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၂၈)နှစ်ရှိ ဗန်ပါစီက နယ်သာလန် လက်ရွေးစင်က မိမိဘ၀တွင် မိခင်ဖြစ်သူ ဟိုဆေး၊ ဇနီး ဘူချရာ၊ သမီး ဒီနာနှင့် ညီမမျာြး ဖစ်သော ကီကီ၊ လီလီတို့ ကဲ့သို့ အမျိုးသမီးများ မရှိပါက ပြည့်စုံမည် မဟုတ်ကြောင်း ၀န်ခံခဲ့သည်။ ဗန်ပါစီက မိမိ အနေဖြင့် မိခင်၏ ပဲ့ပြင် လမ်းညွှန်မှုအောက်တွင် လူလား မြောက်လာသည်ကို မည်သို့မျှ မျက်ကွယ် မပြုနိုင်ကြောင်း ဆိုသည်။
ဗန်ပါစီနှင့် သူ၏ အမေ ဟိုဆေး

"ကျွန်တော့် အမေကြောင့်သာ ကျွန်တော် ဒီနေ့မှာ လူရာဝင်ဝင် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ မေမေက ကျွန်တော့်အတွက် အမြဲတမ်း စဉ်းစားပြီး တွန်းအားပေးလေ့ ရှိတယ်။ ဒါဟာ ကျွန်တော့်အတွက် သိပ်အရေးကြီးပါတယ်။ ကျွန်တော့် မေမေက ပွဲတစ်ပွဲမှာ ကျွန်တော် ကစားခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့က အစ ဝေဖန်လေ့ ရှိတယ်။ ကျွန်တော်က မေမေ့သား ဖြစ်ခွင့်ရနေတာအ ပေါ် ဘာဆင်ခြေမှ မပေးဘဲ လက်ခံပါတယ်" ဟု ဗန်ပါစီက ဆိုသည်။ ၎င်းက "ကျွန်တော့်ဘ၀မှာ ဆက်နွယ်နေတဲ့ အမျိုးသမီးတွေက ကျွန်တော့်အပေါ် လွှမ်းမိုးမှု ကြီးမားခဲ့ပါတယ်။ မေမေ၊ ကျွန်တော့် ဇနီးနဲ့ ကျွန်တော့် ညီမတွေ အားလုံးက ကျွန်တော်နဲ့ ပတ်သက်လို့ အမြဲတမ်း ရိုးရိုးသားသား ဝေဖန်တယ်။ ကျွန်တော်ကလည်း သူတို့ရဲ့ အမြင်တိုင်းကို လေးလေးစားစား ဆင်ခြင်လေ့ ရှိပါတယ်" ဟု ဗန်ပါစီက ပြောကြားသွားသည်။

၎င်းက "သမီးလေး ဒီနာကတော့ ကျွန်တော့်အတွက် မင်းသမီးလေး တစ်ပါးပေါ့။ ကျွန်တော်က သမီးလေးကို အရမ်းချစ်တဲ့ အဖေ တစ်ယောက်ပါ။ ဒီနာက သူ့လက်ချောင်း သေးသေးလေးတွေနဲ့ ကျွန်တော့်ကို လိမ်ဆွဲပြီး ပြုံးနေတတ်တယ်။ ကိုယ့်ဘ၀ အကြောင်း လူသိရှင်ကြား ပြောပြတတ်တာဟာ အန္တရာယ် ရှိနိုင်တယ် ဆိုရင်တောင် ကျွန်တော့်ဘ၀မှာ ဆက်နွယ်ပတ်သက်နေတဲ့ အမျိုးသမီးတွေအကြောင်း ကျွန်တော် ခြေခြေမြစ်မြစ် ပြောပြနိုင်ပါတယ်"ဟုလည်း ဆိုသည်။ ကျောင်းဆရာမ တစ်ဦးဖြစ်သော ဟိုဆေးသည် ဗန်ပါစီအား ငယ်စဉ် ကတည်းက ထိန်းကျောင်းကြပ်မတ် သွန်သင်ပေးခဲ့သူ ဖြစ်သည်။

မေမေက ကျွန်တော့်အတွက် အမြဲတမ်း စဉ်းစားပြီး တွန်းအားပေးလေ့ ရှိတယ်။ ဒါဟာ ကျွန်တော့်အတွက် သိပ်အရေးကြီးပါတယ်။ ကျွန်တော့် မေမေက ပွဲတစ်ပွဲမှာ ကျွန်တော် ကစားခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့က အစ ဝေဖန်လေ့ ရှိတယ်...
ဟိုဆေးက "ကျွန်မသားဟာ အနုပညာမြောက် ဘောလုံးသမား တစ်ယောက်၊ နောက်ပြီး ကချေသည် တစ်ယောက်ပေါ့။ ဒါပေမဲ့ ကပွဲမှာ မဟုတ်ဘဲ အားကစားရုံ တစ်ခုမှာပဲ သူကျင်လည်နေတာပါ။ ကျွန်မနဲ့ သူနဲ့ကြားက ခံစားချက် ဆက်နွယ်မှုဟာ သိပ်ကြီးမားပါတယ်။ သူနာကျင်နေရင် ကျွန်မကိုယ်တိုင် နာကျင်နေတာပါပဲ" ဟု ဆိုသည်။ ဗန်ပါစီသည် ပြီးဆုံးခဲ့သည့် ဘောလုံးရာသီ အတွင်း ကလပ်နှင့် နိုင်ငံအတွက် (၄၁)ဂိုး သွင်းယူခဲ့သည်။ ဗန်ပါစီက "ကျွန်တော် အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်ကို ၀တ်ဆင်ခွင့်ရတဲ့ ရာသီမှာ ခြေစွမ်းပြနိုင်တဲ့အတွက် ကျေနပ်မိပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ အရင်ကလို သာမန် အသင်းသား တစ်ယောက်အဖြစ် ခံစားနေမိတုန်းပါ။ ကျွန်တော်က ကွင်းထဲမှာ အော်ဟစ်ကြိမ်းမောင်းနေတတ်သူ တစ်ယောက် မဟုတ်ပါဘူး။ အခြေအနေတိုင်းကို တိုက်ရိုက်ပဲ ချဉ်းကပ်ချင်ပါတယ်။ တစ်ယောက်ယောက် မှားနေတာရှိရင် ကျွန်တော် တည့်တည့်ပဲ ပြောပါတယ်"ဟု ပြောဆိုခဲ့သည်။

ဗန်ပါစီသည် (၂၀၀၄)ခုနှစ်က နယ်သာလန်ကလပ် ဖိုင်ယန်နော့ဒ်မှ ပေါင်စတာလင် (၂.၇၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ ၎င်းက ကစားသမား ဘ၀တွင် အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီအဲရာနှင့် နယ်သာလန် အသင်းခေါင်းဆောင် မာ့ခ်ဗန်ဘောမဲလ်တို့ထံမှ အများအပြား သင်ယူခွင့် ရရှိခဲ့ကြောင်းလည်း ၀န်ခံသွားသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )