22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 29, 2012

ခေါ်ယူပြီး (၅)လ အကြာတွင် ဆာဟာကို အသင်းမှ ထွက်ခွင့် ပေးခဲ့သည့် စပါး

တော့တင်ဟမ် ဟော့စပါး အသင်းသည် တိုက်စစ်မှူး လူးဝစ် ဆာဟာကို အသင်းမှ ထွက်ခွာခွင့် ပေးလိုက်ပြီ ဖြစ်သည်။
တစ်ချိန်က ဖူလ်ဟမ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း တို့တွင် တောက်ပသော ခြေစွမ်းမျိုး ပြသ နိုင်ခဲ့သည့် ပြင်သစ်သား၏ ဘောလုံးသမား ဘ၀ နေ၀င်ချိန်သည် ယခုအခါ တစ်စထက် တစ်စ နီးကပ် လာခဲ့ကြောင်း ထင်ရှားနေသည်။ အသက်(၃၃)နှစ် ရှိပြီဖြစ်သော ဆာဟာသည် စပါး အသင်းသို့ ဆောင်းရာသီ အပြောင်း အရွှေ့ ကာလ ပိတ်ရက်ကမှ အဲဗာတန်ထံမှ ပြောင်းရွှေ့ ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော်လည်း စပါးသည် ဆာဟာအား (၅)လမျှ အကြာတွင် စာချုပ် ဖျက်သိမ်းရန် ဆုံးဖြတ် လိုက်ကြောင်း သတင်းများက ဆိုသည်။


ဆာဟာအား ယခု လတ်တလောတွင် တန်းတက်အသင်း ၀က်စ်ဟမ်း ယူနိုက်တက်က စိတ်ဝင်စားနေသည်။ ၎င်းတို့သည် ချန်ပီယံ ရှစ်တွင် ရှုံးထွက် ခြေစစ်ပွဲ ကစားခွင့် ရပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်လာခွင့် ရရှိထားသည်။ ဆာဟာသည် စပါး ကစားသမား ဘ၀တွင် (၁၁)ပွဲ ကစားခဲ့ပြီး (၄)ဂိုး သွင်းယူနိုင်ခဲ့သည်။ စပါးသည် ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံး ခဲ့ပြီးနောက် အသင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စတင်လုပ်ဆောင် လာနေကြောင်းလည်း သိရှိရသည်။
အသက်(၃၃)နှစ် ရှိပြီဖြစ်သော ဆာဟာသည် စပါး အသင်းသို့ ဆောင်းရာသီ အပြောင်းအရွှေ့ ကာလ ပိတ်ရက်ကမှ အဲဗာတန်ထံမှ ပြောင်းရွှေ့ ရောက်ရှိလာခြင်း ဖြစ်..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )